Knowledge

ဘယ်သူမှ အရေးမလုပ်တဲ့လမ်းဘေးတစ်နေရာမှာ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာဖြင့် အချင်းချင်း ဖက်အိပ်နေခဲ့ကြတဲ့ အိမ်ရာမဲ့ကလေးနှင့်ခွေးလေး

စစ်မှန်သောအချစ်ရဲ့ အပြုအမူလုပ်ရပ်ကို သင်စဉ်းစားမိပါသလား။

လူအချို့အတွက် ပစ္စည်းလက်ဆောင်များပေးခြင်း ၎င်းတို့အတွက်အရေးပါတဲ့ special person တစ်ဦးနှင့် အချိန်ဖြုန်းခြင်းသာဖြစ်ပါတယ်

သို့ပေမဲ့ အချို့တွေအဘို့ ချစ်ခြင်းမေတ္တာလုပ်ရပ်ဟာ သူတို့ရဲ့မိသားစုမဟုတ်သောပုဂ္ဂိုလ်တစ်ဦးသို့မဟုတ်

အသိအကျွမ်း၊ မိတ်ဆွေများဖြင့် အတူတူ မျှဝေခံစားတတ်ကြပါတယ်။

လူတို့ဟာ ချစ်ခြင်းမေတ္တာဝေမျှခြင်းနှင့် ပတ်သက်၍ လမ်းဘေးခွေးများ သို့မဟုတ် ကြောင်များ ကဲ့သို့သောတိရိစ္ဆာန်များကို စဉ်းစားခဲကြပါတယ်

 ၎င်းတို့ဟာ ကြှနျုပျတို့အား ဖော်ထုတ်ပြသနိုင်သည့်သတ္တဝါများဖြစ်သောကြောင့် ခွေး၊ကြောင်လေးတွေဟာ ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားကြပါတယ်။

အခုဖော်ပြထားတဲ့ဓာတ်ပုံထဲက ကလေးငယ်ဟာ မိဘများ သို့မဟုတ် မွေးစားမိဘများထံမှ စွန့်ပစ်ခံခဲ့ရခြင်းရှိ မရှိကို သေချာမသိရသေးပါဘူး

 ထို့အတူ ကံမကောင်းစွာနဲ့ဘဲ လမ်းပေါ်ရှိကလေးငယ်များဟာ အစာစားရဖို့အတွက် တစ်နေ့ကို တစ်နေရာမှတစ်နေရာသို့ အမြဲလှည့်ပတ်သွားလာနေကြရပါတယ်။

မကြာသေးခင်က လမ်းဘေးမှာ သူ့ရဲ့သစ္စာစောင့်သိသော တစ်ကောင်တည်းသော မိသားစုဝင်ခွေးလေးနှင့်အတူ

ဖက်အိပ်နေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်ရဲ့ဓာတ်ပုံတစ်ပုံဟာ social media သို့ ပျံ့နှံ့ကာ လူသိများသွားခဲ့ပါတယ်

လမ်းပေါ်ဖြတ်သန်းသွားလာသူများက ကြမ်းပြင်ပေါ်အိပ်ရင်း အသံတိတ်အကူအညီတောင်းနေခဲ့ကြတဲ့

အဆိုပါကလေးနှင့်ခွေးလေးကို မကူညီဘဲ မသိသလို ဖြတ်သွားခဲ့ကြတာကြောင့် ၎င်းပုံရိပ်ဟာ

ပို၍ပင် ဝမ်းနည်းကြေကွဲဖွယ်ပုံရိပ်အလား ဖြစ်ပေါ်စေခဲ့ပါတယ်

အဆိုပါကလေးငယ်ရဲ့အကြောင်းကို မစုံစမ်းနိုင်ခဲ့သေးသလို သူဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာရထားဘူ

တာအနီးရှိလမ်းဘေးတွင် သူ၏အိမ်မွေးတိရိစ္ဆာန်နှင့်အတူ အိပ်ခဲ့သည်ကိုသာ သိခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အဆိုပါကလေးဟာ ဘယ်လောက်ပင် ခက်ခဲနေပါစေ

သူ၏ခွေးလေးကို မစွန့်ခွါဘဲ ကြီးမားတဲ့နှောင်ကြိုး၊ ချစ်ခြင်းမေတ္တာနှင့်သစ္စာစောင့်သိမှု၏အဓိပ္ပာယ်အမှန်ကို ပြသခဲ့ပါတယ်။

အခုဓာတ်ပုံတွေကို မြို့ထဲမှာနေထိုင်တဲ့ Jem V ill omo က ဓာတ်ပုံရိုက်ယူခဲ့ပြီး ၎င်းတို့ကိုသူ့ရဲ့

Facebook accမှာ ဖော်ပြကာ လူအများက ကလေးနှင့်ခွေးလေးတို့နဲ့ထိုက်တန်တဲ့အကူအညီအားလုံးကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်

ကောင်လေးက လမ်းပေါ်မှာခွေးနဲ့အတူနေတယ်။ သူကပိုက်ဆံမတောင်းဘဲသူတို့နှစ်ယောက်အတွက်

စားစရာတွေပဲ တောင်းခဲ့တယ် လို့ Jem V ill omo က ပြောပြခဲ့ပါသေးတယ်။

Credit