Health

စစ်ကိုင်းတွင်း ရဲဝန်ထမ်း ၂၀၀ကျော် ကိုဗစ်ကူးစက်ခံရ၍ ဆေးကုသမူ့ခံယူနေရ

စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရပြီး အဲ့ဒီထဲက တချို့ဟာ အရေးပေါ် ဆေးကုသခံနေရတယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံး အသိုက်အဝန်းကနေ ဇူလိုင် ၁၆ ဒီကနေ့မှာ သိရပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်က တပ်ဖွဲ့ဝင်တွေထဲက ကူးစက်ခံထားရလို့ ဆေးကုသခံနေရတာတွေရှိတယ်။

ဧပြီလနဲ့ မေလက ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ကူးစက်ခံထားရတဲ့သူလည်းရှိတယ် ပိုးတွေ့အတည်ပြု့ တပ်ဖွဲ့ဝင် လူနာ အရေအတွက်က တိုင်းတွင်းအားလုံး ၁ ရာကျော် ၂ ရာနီးပါးရှိမယ်

အတိအကျတော့ မရေတွက်ရသေးဘူး ခန့်မှန်း ဦးရေဖြစ်တယ် လို့ ပြောပြပါတယ်။မုံရွာခရိုင်ထဲက မြို့နယ် ၄ မြို့နယ်ရှိတဲ့အနက် အရာတော်မြို့မှာဆိုရင် အချုပ်သားနဲ့ ရဲဝန်ထမ်း အပါအဝင်

ရဲစခန်းဝန်းထဲက ပိုတွေ့အတည်ပြုလူနာ ၅၀ ကျော်ရှိပြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနဲ့ အဖွဲ့ဟာလည်း အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဘိုခရိုင်ထဲက ရေဦးမြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တချို့လဲ ဆေးကုသခံနေရတယ်လို့ သိရပါတယ် ။ဆေးကုခံနေကြတယ်ဆိုတာ အတည်ပြုလို့ရပါတယ် သာမန်ဆေးကုတဲ့ အဆင့်ဖြစ်တယ်။

ကိုဗစ်ကြောင့် တပ်ဖွဲ့ထဲမှာ အသေ အပျောက် မရှိသလို တုန့်ပြန်ထိန်းချုပ် ကာကွယ်တဲ့ လုပ်ငန်းတွေကို အတထူးကြပ်မတ်ပြီး လုပ်နေပါတယ် လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့ မုံရွာမြို့နဲ့ ကလေးမြို့တွေမှာ ရောဂါကူးစက်ခံထားရတဲ့ ပိုးတွေ့အတည်ပြုလူနာ နေ့စဉ် တွေ့ရှိရမှု မြင့်တက်လာနေပြီး မုံရွာနဲ့ စစ်ကိုင်းက စာသင်တိုက် ဘုန်ကြီးကျောင်းတချို့မှာ ပိုးကူးစက်ခံထားရတဲ့ သံဃာတော် ရာနဲ့ချီပြီး ရှိနေပါတယ်။

Credit