Health

ကိုဗစ်ကိုအကြောက်လွန်ပြီး လိုင်းပေါ်ကဆေးတွေ သောက်မိတာကြောင့် အသက်ဆုံးသွားရတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို မျှဝေပေးခဲ့တဲ့ ကျော်ထက်ဇော်

ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ ပရိသတ်ကြီးအတွက်

ကိုဗစ်နဲ့ပတ်သက်ပြီး လွှဲမှားနေတဲ့အယူလေးတွေကို ဆင်ခြင်နိုင်အောင် သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ

ခုလိုပဲ ရေးသားမျှဝေပေးထားပါတယ် သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ ငဗစ်နဲ့မသေဘဲ

လိုင်းပေါ်ကတင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ

ကျွန်တော့် ဆေးဆိုင်မှာလာဝယ်တဲ့ သူတိုင်းကို နေ့စဉ်ရက်ဆက် မသောက်ဖို့ အလွန်အကျွံ့မသောက်ဖို့

ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ် ဒါလဲ ဝယ်နေ သောက်နေကြတုန်း တကယဆို ဆရာဝန်တွေရဲ့ပြောစကားအရ

D3 Zinc တွေက နေ့စဉ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား

အဟာရရှိမယ့်အစားအစာစား အိပ်ရေးဝဝအိပ်တာနဲ့တင်လုံလောက်နေတာ

သူများပြောတိုင်း ဝယ်သောက် အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲသေသွားရတာတွေ

လူ့ခန္ဓာကိုယ်ခုခံအား immune အတွက်လိုအပ်တာက တစ်နေ့ကို Cevi200mg D3 500 Zinc 20 mg ပဲ လိုတာ

အဟာရပြည့်တဲ့ အစားအစာမစားနိုင်လို့ ဆေးသောက်မယ်ဆိုရင်တောင် တစ်နေ့ကို 1000mg ထက် ပိုမသောက်သင့်

BPI Cevitတစ်ပြားကို 100mg ပါတယ်Vicee  Vitaceeဆေးတွေ တစ်ပြားကို500mg ပါတယ်။

D3 က တကယ်ဆို နေပူစာနာရီဝက်လောက် လှုံ့ယုံနဲ့တင် ပြဿနာရှိတာက Zinc Zinc တစ်ပြား 20mg ပါတဲ့အတွက်

တစ်နေ့အလွန်ဆုံး တစ်ပြားသောက်သင့်ပေမယ် ပိုသောက်တဲ့သူတွေ အော့အန်တာ ဖျားနာတာ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

cevitကို ချဉ်ပေါင်ရွက် မာလကာသီး လိမ်မော်သီး တွေကရ D3 ကို နေပူစာလှုံယုံ နွားနို့သောက်ယုံမျှနဲ့ လုံလောက်ပေမယ့်

ပုစွန်အခွံ့ကရတဲ့ Zinc ကိုကျတော့ ဆေးနဲ့ပဲဖြည့်စည်းကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရစေပါတယ်။

အဲ့ဒီဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ပမာဏကိုသာ စုတ်ယူပြီး ပိုတာကိုကျောက်ကပ်က အလုပ်လုပ်ကာ စွန့်ထုတ်ရလို့

ကျောက်ကပ်အလုပ်ပိုလုပ်ရကာ လနဲ့ချည်ကြာတော့ ကျောက်ကပ်ပျက်စီးစေတာပါ

ကျောက်ကပ် ဟာ လူ့ခန္ဓာကိုယ်ထဲ ၂လုံးပါပြီး အဲ့ဒီ၂လုံးစလုံးရဲ့၈၀% ပျက်စီးနေရင်တောင်

ကိုယ်ခံအားကောင်းတဲ့လူတွေ မသိသာပါဘူး သိတဲ့အချိန်ဆို နောက်ကျသွားပါပီ

ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေက silent murder တိတ်တဆိတ် လူသတ်သမား လို့ခေါ်ကြပါတယ်။

အချုပ်အားဖြင့်Cevit  D3  Zinc ဆေးဝါးတွေကို ကိုဗစ်ရန်ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာသောက်ပါ

ကိုယ်ခံအား အရမ်းကောင်းချင်လို့ တအား ပိုသောက်မိခဲ့ရင် ကိုဗစ်ကြောင့်မသေ

ဆေးကြောင့် သေတတ်ပါကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ်ရေးသားလိုက်ရပါတယ်။