Local News

အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူ ၅၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံ ပြည်နယ်များစွာမှာ မိုးကြိုးပစ်မှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကာ

ယင်းထဲက ၁၁ ဦးဟာ သမိုင်းဝင် ခံတပ်တစ်ခုမှာ မိုးကြိုးပစ်မှုအတွင်း

သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

သဲကန္တာရ ပြည်နယ်တစ်ခုဖြစ်တဲ့ ရာဂျက်စ်သန်မှာ တနင်္ဂနွေနေ့က မိုးကြိုးပစ်မှုအတွင်း

လူ ၁၀ ဦးခန့်သေဆုံးခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပြီး နိုင်ငံရဲ့လူဦးရေ အထူးထပ်ဆုံးဖြစ်တဲ့

ဥတာပရက်ဒက်ရှ်ပြည်နယ် ခရိုင်အသီးသီးမှာ မိုးကြိုးပစ်မှုတွေကြောင့်

လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရာဂျက်စ်သန်မြို့တော် ဂျာပူရှိ သမိုင်းဝင် ခံတပ်တစ်ခုဖြစ်တဲ့ မျှော်စင်နှစ်ခုကို မိုးကြိုးထိမှန်ခဲ့ပြီး

အလည်အပတ် လာရောက်သူတွေဟာ ယင်းခံတပ်ကနေ မြို့တော်တစ်ဝန်း

မုန်တိုင်း ဝင်ရောက်မှုကို ကြည့်ရှုနေခဲ့ကြတယ်လို့ သိရပါတယ်။

ခံတပ်မှာ လူတွေရောက်ရှိနေချိန် မိုးရွာနေပြီဖြစ်ကာ မိုးအားကောင်းလာတော့ မျှော်စင်တွေပေါ်

လူတွေ စုပြုံတက်ရောက် လာကြတယ်လို့ ဂျာပူမြို့မှ အကြီးတန်းရဲအရာရှိဖြစ်သူ ဆောရပ်ရှ် တီဝါရီက ပြောဆိုခဲ့ပါတယ်။

မျှော်စင်နှစ်ခု မိုးကြိုးထိမှန်ခဲ့မှုအတွင်း လူ ၁၁ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး

ယင်းတို့ထဲက သုံးဦး အခြေအနေစိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

မိုးကြိုးပစ်ခဲ့ချိန်က မျှော်စင်တွေပေါ်မှာ လူ ၃၀ လောက် ရှိနေခဲ့တယ်လို့လည်း တီဝါရီက ပြောဆိုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အချို့က မိုးကြိုးဒဏ်ကြောင့် သတိလစ်သွားခဲ့ပြီး အချို့ကတော့

ကြောက်အားလန့်အား ထွက်ပြေးရာမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ယခုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို

အထူး နစ်နာကြေးတစ်ခု ပေးအပ်သွားမယ်လို့ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ပြည်နယ်များစွာမှာ မိုးကြိုးပစ်မှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကာ

ယင်းထဲက ၁၁ ဦးဟာ သမိုင်းဝင် ခံတပ်တစ်ခုမှာ မိုးကြိုးပစ်မှုအတွင်း

သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

သဲကန္ တာရ ပြည်နယ်တစ်ခုဖြစ်တဲ့ ရာဂျက်စ်သန်မှာ တနင်္ဂနွေနေ့က မိုးကြိုးပစ်မှုအတွင်း

လူ ၁၀ ဦးခန့်သေဆုံးခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပြီး နိုင်ငံရဲ့လူဦးရေ အထူးထပ်ဆုံးဖြစ်တဲ့

ဥတာပရက်ဒက်ရှ်ပြည်နယ် ခရိုင်အသီးသီးမှာ မိုးကြိုးပစ်မှုတွေကြောင့်

လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရာဂျက်စ်သန်မြို့တော် ဂျာပူရှိ သမိုင်းဝင် ခံတပ်တစ်ခုဖြစ်တဲ့ မျှော်စင်နှစ်ခုကို မိုးကြိုးထိမှန်ခဲ့ပြီး

အလည်အပတ် လာရောက်သူတွေဟာ ယင်းခံတပ်ကနေ မြို့တော်တစ်ဝန်း

မုန်တိုင်း ဝင်ရောက်မှုကို ကြည့်ရှုနေခဲ့ကြတယ်လို့ သိရပါတယ်။

ခံတပ်မှာ လူတွေရောက်ရှိနေချိန် မိုးရွာနေပြီဖြစ်ကာ မိုးအားကောင်းလာတော့ မျှော်စင်တွေပေါ်

လူတွေ စုပြုံတက်ရောက် လာကြတယ်လို့ ဂျာပူမြို့မှ အကြီးတန်းရဲအရာရှိဖြစ်သူ ဆောရပ်ရှ် တီဝါရီက ပြောဆိုခဲ့ပါတယ်။

မျှော်စင်နှစ်ခု မိုးကြိုးထိမှန်ခဲ့မှုအတွင်း လူ ၁၁ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး

ယင်းတို့ထဲက သုံးဦး အခြေအနေစိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

မိုးကြိုးပစ်ခဲ့ချိန်က မျှော်စင်တွေပေါ်မှာ လူ ၃၀ လောက် ရှိနေခဲ့တယ်လို့လည်း တီဝါရီက ပြောဆိုပါတယ်

Credit