Knowledge

စုထားတဲ့စုဘူးလေးကို ဖွင့်ပြီးတစ်ပြားမကျန် ပရဟိတအသင်းကို လှူဒါန်းလိုက်တဲ့ ၈နှစ်အရွယ်သမီးလေး

ဉာဏ်ကြီးတဲ့၀င့်ဝါနိုင် ၀င့်ဝါနိုင် က နွားထိုးကြီးမြို့ အမှတ် ၁ ရပ်မှာ ချစ်ရတဲ့ သူ့အဖေ အမေတို့နဲ့ အတူနေထိုင်နေတဲ့ ၈ နှစ်သမီးလေး။

လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက စပြီး မြေအိုးစုဘူးလေး နဲ့ သူ့မုန့်ဖိုးလေးတွေ စုလာတာ။

ခုဆို ငါးသောင်း ခြောက်သောင်း ရှိရောပေါ့လို့ သူ့မှန်းသတဲ့။ အ၀တ်အစားအသစ်ဆို ၄စုံ ၅စုံ ရနိုင်မှာပေါ့။ ဖိနပ်လေးလည်း ၀ယ်လို့ရနိုင်တာပဲ။

မိန်းကလေးမို့ အမွေးပွရုပ်လေးတွေ ကစားစရာ ဘိုမရုပ်လေးတွေ ရောပေါ့။

အမေ့ကို ခေါ်ပြီး လိုချင်တာတွေ ဈေးထဲပတ်၀ယ်လိုက်မယ် ဆိုတဲ့အတွေးမျိုးနဲ့ သူစုခဲ့တာ။

၀င့်ဝါနိုင့် စိတ်ထဲမှာ ပရဟိတ ဆိုတဲ့အလုပ် အများအကျိုးပြုခြင်း ဆိုတဲ့အဓိပ္ပာယ်

ကိုယ်ချင်းစာတရားရဲ့‌နွေးထွေးမှု တွေကို အရိပ်အမြွက်တော့ နားလည်သလိုလိုရှိနေပြီ။

ဘေးက ခြံ၀န်းကြီးထဲမှာ ပရဟိတအဖွဲ့တစ်ခုက ယာယီရုံး ဖွင့်ပြီး လုပ်နေတာ သူမြင်တယ်။

ကြားလည်းကြားတယ်။ နေ့တိုင်း အဖွဲ့သား ဦးဦး ‌တွေ ပျားတွေ ၀တ်ရည်သယ်သလို လူးလာခေါက်တုံ ကူးနေတာ။

အမေ သမီးစုဘူးကို ဟိုဘက်က ဦးဦး တို့အဖွဲ့ကို အကုန်လုံး လှူပစ်လိုက်ချင်တယ် လည်းဆိုရော။

သူ့စုဘူး သူစုထားတာ သူ့သဘောပေါ့။ လှူချင်သပ ဆို အမေဖြစ်သူက ခေါ်ပေးရုံ။

အလှူခံမယ့် ပရဟိတအဖွဲ့က ဦးဦးတွေ ရောက်တော့ မြေအိုးစုဘူး အကွဲလေးဘေးမှာ ပိုက်ဆံ အခေါက်လေးတွေ ဖြည်ပြီး ရေနေတဲ့ ၀င့်ဝါနိုင်။

အားလုံးပေါင်း ၆၂၀၀၀ ခြောက်သောင်း နှစ်ထောင်ကျပ်တိတိ ရသတဲ့။

တစ်ပြားမှ သူ့ဖို့မချန်ဘူး။အကုန်လုံးလှူမယ်ဆိုတဲ့ ဝိသာခါမလေး။

ပြတ်လိုက်တဲ့သဒ္ဓါတရား။ ကြီးလိုက်တဲ့စေတနာအဟုန်။

ပိုက်ဆံစုဘူးဆိုတာ သံသရာထိယူသွားလို့မရဘူး။
ကုသိုလ်စုဘူး ကမှ သံသရာထိ ပါတာလို့ သိများသိလေရော့သလား။

ငယ်သာငယ်တာ အသိကြွယ်တဲ့၀င့်ဝါနိုင်။ ဉာဏ် သိပ်ကြီးတဲ့၀င့်ဝါနိုင်။

ကောင်းပြီးတော်မယ့် အတိဇာတသမီးလေး ဖြစ်ပါစေ။အတ္တ ပရ မျှတဲ့ ဘ၀ကိုအောင်မြင်စွာတည်ဆောက် နိုင်ပါစေ။

အသက်ရှည်ပါစေ။ အဆင်းလှပါစေ။ခွန်အားကြီးပါစေ။ ဉာဏ်ပညာကြီးပါစေ လို့ ဆုတောင်းပါတယ် ကွယ်။

Credit