Knowledge

ကဗျာဆရာကြီး ဦးအောင်ချိမ့် အားနည်းပြီးမူးလဲသောကြောင့် ဆေးရုံတွင်ကုသမှု ခံယူ

ဇူလိုင် ၁၁ ရက်နေ့က ကဗျာဆရာကြီး ဦးအောင်ချိမ့် အားနည်းပြီး မူးလဲသောကြောင့် ရွှေလမင်းဆေးရုံတွင်ပြသခဲ့ပြီး

ယမန်နေ့ ဇူလိုင် ၁၂ ရက်က သျှင်ပါကူ ဆေးရုံတွင် ကုသလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ယမန်နေ့ကတော့ ဆရာကြီးဦးအောင်ချိမ့်ဟာ သက်သာလာပြီး

လန်းလန်းဆန်းဆန်းဖြစ်လာကြောင်း ကဗျာဆရာကြီး သစ္စာနီက သူရဲ့ လူမှုကွန်ရက်မှ တဆင့် အသိပေးလာပါတယ်။

ဦးအောင်ချိမ့်ဟာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့်မဟုတ်ပဲ ၀မ်းမသွားနိုင်တာကို စိတ်စွဲပြီး

အစာမစားဘဲနေရာမှ အားနည်းပြီးမူးလဲတာဖြစ်ကြောင်း သွေးသွင်းဖို့လိုအပ်ကြောင်းလည်း သိရပါတယ်။

ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကဗျာဆရာကြီး ဦးအောင်ချိမ့်ကို

ယနေ့ မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ သက်ရှိကဗျာဆရာလို့

အများက အသိအမှတ်ပြုထားကြပြီး ဆရာကြီးဆေးရုံတက်ရသည့် အတွက်

ကဗျာဆရာများ ကဗျာချစ်သူများနှင့် ဆရာကြီးကို လေးစားချစ်ခင်သူများက စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရပါတယ်။

Credit