Local News

မြန်မာပြည်ရဲ့ မျက်စိအတုပညာရှင် ဆရာကြီးဦးမြင့်ဆွေ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

ပြည်သူတွေ အားထားရတဲ့ ပြည်သူတွေအပေါ် စိတ်စေတနာကောင်းထားတဲ့

ပညာရှင်ကြီးတွေကိုလည်း မငဲ့ညှာဘူး ချန်မထားဘူး။ အဆုံးစီရင်ခဲ့တယ်။

ဒီနေ့ မင်း သေမင်းဆီခေါ်သွားတဲ့သူက တို့နိုင်ငံလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ နိုင်ငံကနေ

ပေါ်ထွန်းလာခဲ့တဲ့ တစ်ဦးတည်းသော မျက်စိအတုကျွမ်းကျင် ပညာရှင်ကြီးပါ။

ဆေးပညာဖွံ့ဖြိုးတိုးတက်တဲ့ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားတတ်မြောက်လာခဲ့တဲ့ ထူးချွန်သူတစ်ဦးပါ။

ဆရာကြီးဦးမြင့်ဆွေရဲ့ ပညာနဲ့ စေတနာတွေကြောင့် လူဖြစ်လာပြီးမှ အကြောင်းအမျိုးမျိုးကြောင့်

မျက်စိပျက်ခဲ့ရသူတွေ အင်္ဂါမစုံလို့ လူဖြစ်ရှုံးနေသူတွေကို အကျည်းတန် အရုပ်ဆိုး

သိမ်ငယ်စိတ်တွေပျောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ လုပ်ပေးနေတယ်လေ။

ဆရာကြီးက နှလုံးသွေးကြောကျဥ်းတဲ့ ရောဂါရှိသူဖြစ်လို့ အခုလို ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကို ဘယ်လိုလုပ်ပြီး ခံစားနိုင်မှာလဲ။

ဆရာကြီးက ပညာအမွေပေးခဲ့လို့ သား ကိုဝေယံက မျက်စိအတု တပ်ဆင်ပေးတဲ့ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ဆရာမိဘကိုတော့ အိမ်ဦးခန်းမှာထားပြီး ကျန်းကျန်းမာမာနဲ့ ကျွေးမွေးစောင့်ရှောက်ချင် ရှာမှာပေါ့။

ဆရာကြီးရဲ့စျာပနကို ဒီနေ့ညနေ ၃ နာရီမှာ ရေဝေးမှာ သင်္ဂြိုဟ်လိုက်ပါတယ်။

ဆရာကြီး မြင့်မြတ်တဲ့ ဘုံဘဝမှာ ငြိမ်းချမ်းစွာ စံစားနိုင်ပါစေ။

Credit