Local News

သရုပ်ဆောင်မေတိုးခိုင်ကို ချီးကျူးလိုက်တဲ့ အကယ်ဒမီပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်အများက

မမြဝင်းဆိုတဲ့ဇာတ်ကောင်နဲ့စသင်သိလာခဲ့ကြပြီးအခုဆိုရင်အကယ်ဒမီတစ်ခုပါပိုင်ဆိုင်ထားတဲ့ပရိတ်သတ်

တွေရဲ့အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်ဟာသဇာတ်ကားတွေအပြင်ဇာတ်ကားပေါင်း

အမြောက်အများကိုရိုက်ကူးထားတဲ့ပိုင်ဖြိုးသုကတော့ဆရာဝန်တစ်ဦးလဲဖြစ်ပါသေးတယ်

ယခုလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီး

စစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူလဲဖြစ်ပါတယ်။

ဒီလိုတော်လှန်ရေးကြီးရဲ့လှုပ်ဆော်မှုတွေမှာလဲအားတက်တရောပါဝင်ခဲ့တာကြောင့်

၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရပါတယ် မတရားအရေးယူထားခြင်းခံရတာကြောင့်ဘေးလွှတ်

ရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်တိမ်းရှောင်နေစဥ်အတောအတွင်းမှာလဲသူမတတ်နိုင်တဲ့ဘက်ကနေ

ပါဝင်တော်လှန်ခဲ့ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုလဲတင်လေ့ရှိပါတယ်။

အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင်ပိုင်ဖြိုးသုကသရုပ်ဆောင်မေတိုးခိုင်ကိုချီးကျူးစကားပြောထားတာပဲဖြစ်ပါတယ်

ပိုင်ဖြိုးသုကမေတိုးခိုင်ကိုဒီကလေးလေးကိုစတွေ့တုန်းကတကယ်ပျော့ပျော့နွဲ့နွဲ့လေးခုတော်လှန်ရေးအတွင်း‌မှာတော့တကယ့်ရဲတင်းပေါက်စိန်လေး

CDMကိစ္စတွေအတွက်လျှောက်သွားစည်းရုံးကြရင်လည်းစကားတွေအများကြီး

စည်ကာပတ်ကုံးမ ပြောပေမယ့်သူပြော သွားတဲ့စကားတိုင်းကတကယ်ခံစားချက်ပါတယ် သူပြောတိုင်းကိုယ့်မှာ မျက်ရည်ပါဝဲရတယ်။

တစ်ရက်မှမနားဘူးအမြဲဘာလုပ်လို့ရမလဲစဉ်းစားနေတဲ့ကလေး YouDeserveToBeAppreciatedညီမလေးမေတိုးခိုင်ဆိုပြီးတော့မေတိုးခိုင်ရဲ့ရဲရင့်ပုံတွေ

ခံစားချက်အတိုင်းလုပ်ပုံတွေကိုလဲအခုလိုရေးသားဖော်ပြထားပါတယ်။

credit