Local News

သားလေးကိုကိုးရဲ့မွေးနေ့အလှူအဖြစ် အောက်ဆီဂျင်အိုးများ ဝယ်ယူရန် အလှူငွေများလှူဒါန်းခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးတို့ရေ အများက အားကျချစ်ခင်ရတဲ့ မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင် ပိုးအိအိခန့်နဲ့ နိုင်ငံကျော် ဘောလုံးသမား

အောင်သူတို့ မိသားစုလေးကလည်း အပါအဝင်ပဲဖြစ်ပါတယ်နော်

အောင်သူက နိုင်ငံကျော်တဲ့ ဘောလုံးသမား တစ်ယောက်ဖြစ်သလို မိသားစုအပေါ်မှာလည်း

ဂရုစိုက်ချစ်ခင်တဲ့ အိမ်ထောင်ဦးစီးကောင်း၊ဖခင်ကောင်း တစ်ဦးပါ။

ပရိသတ်ကြီးရေ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူကတော့

ထိုင်းနိုင်ငံက ကလပ်အသင်းတစ်ခုတွင် အဌားစာချုပ်ဖြင့် သွားကစားနေပါပြီနော်။

ပိုးအိအိခန့်ကလည်း ပြည်သူကချစ်တဲ့ မင်းသမီး တစ်ယောက်ဖြစ်သလို

အိမ်ရှင်မကောင်းလေး တစ်ယောက်ပါပဲနော်။နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး speak out တွေလည်း လုပ်ပေးနေသူပါ

အောင်သူကိုယ်တိုင်လည်း စစ်ကောင်စီ လက်ထက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်တဲ့ ပွဲမှန်သမျှ မပါဝင်နိုင်ကြောင်း ငြင်းဆန်ထားသူပါ။

ပရိသတ်အချစ်တော် ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့မှာ ချစ်စရာကောင်းလွန်းတဲ့ ပါးဖောင်းဖောင်းလေးနဲ့

သားလေး ကိုကိုးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါ။တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြသလို

ရှေ့သွားနောက်လိုက်ညီတဲ့ ပရိသတ်အားကျရတဲ့ အနုပညာဆယ်လီ စုံတွဲဆိုရင်လည်း မမှားပါဘူးနော်။မိသားစု ပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့

ပိုးအိအိခန့်က အခုတစ်ခါမှာလည်း သားလေး မောင်သွင်ဦးဟန် ခေါ်ကိုကိုးလေးရဲ့ မွေးနေ့အကြို အလှူအဖြစ် အောက်ဆီဂျင်အိုးများ ဝယ်ယူရန်

အလှူငွေကျပ် ၁၅ သိန်းကို ခိုင်းနှင်းဝေ ပရဟိတအသင်းကို လှူဒါန်းခဲ့ပါတယ်နော်။အဲ့ဒီအကြောင်းကို ခိုင်နှင်းဝေကလည်း အခုလိုပဲ

ပြန်လည်ဝေမျှခဲ့ပါတယ်။ညီမလေး ပိုးအိခန့်တို့ မိသားစုမှ သားလေး မောင်သွင်ဦးဟန်ရဲ့ မွေးနေ့အကြို အလှူအဖြစ် အောက်ဆီဂျင်အိုးများ

ဝယ်ယူရန်အတွက် အလှူငွေ ၁၅ သိန်းကို လှူဒါန်းပေးပါတယ်ရှင် အလှူအတန်းဆို အမြဲရက်ရက်ရောရော

လှူပေးတဲ့ ညီမလေးတို့ မိသားစု ဒီထက်မ က အောင်မြင်ပြီး ပိုတိုးလှူနိုင်ပါစေနော်

ဆိုပြီးတော့ ဆုမွန်ကောင်းတောင်းပေးထားတာပဲ ဖြစ်ပါတယ်နော်။

ကိုကိုးလေးလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်နဲ့ ကြီးပြင်းလာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။

Credit