Health

စစ်တွေမြို့ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် အပူချိန်တိုင်း စက်တပ်ဆင်နေ

စစ်တွေမြို့ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် အပူချိန်တိုင်း စက်တပ်ဆင်နေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Co vid 19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ၆၀၀ ကျော် အထိရှိလာနေပြီ ဖြစ်သည့်အတွက်

ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် အပူချိန်တိုင်း စက်တပ်ဆင်ကာ

ခရီးသည်များကို အပူချိန်တိုင်းတာခြင်း ရေယာဉ်လှိုင်းများကိုလည်း တစ်ခုံကြားစနစ်ဖြင့် ပြေးဆွဲရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

ရေယာဉ်စီးနင်းလိုက်ပါမည့် ခရီးသည်များကို ရွှေပြည်တန်ဆိပ်ကမ်းသို့ ရောက်ရှိစဉ် တရုတ်နိုင်ငံထုတ်

အပူချိန်တိုင်းစက်ဖြင့် တိုင်းတာရန်အတွက် တပ်ဆင်လျှက်ရှိနေသည်ဟု ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ကျနော်တို့ကအခုတော့ တစ်ခုံကြားစနစ်နဲ့တင်ပါတယ်။ သင်္ဘောဆိပ်ကမ်းသို့လာရောက်ကြတဲ့ ခရီးသည် အစုလိုက်ကို အပူချိန်ဖမ်းပြီး

တိုင်းတဲ့စက်ကိုလည်း တပ်ဆင်နေပါတယ်။ ကျနော်တို့တပ်ဆင်နေတဲ့စက်ကတော့ အခြားမြို့နယ်တွေ

တိုင်းဒေသကြီးတွေမှာ တောင်မရှိသေးဘူးလို့ထင်တယ် ဟု ဦးစံမော်သိန်းက ပြောသည်။

အဆိုပါစက်ဖြင့် အပူချိန်တိုင်းတာပြီး ကိုဗစ်ဖြစ် မဖြစ် မသင်္ကာဖွယ်တွေ့ရှိသည့်သူများကို

ရခိုင်ပြည်နယ် ကျန်းမာရေးဌာနသို့ တိုက်ရိုက်ဆက်သွယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပူချိန်တိုင်းစက်ကို တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး စက်တန်ဖိုးမှာ မြန်မာငွေကျပ် ၇၇ သိန်း ကုန်ကျကြောင်း သိရသည်။

ရွှေပြည်တန်ရေယာဉ် ပြေးဆွဲနေသည့်ရေလမ်းကြောင်းမှာ စစ်တွေ ရသေ့တောင် ဘူးသီးတောင် စစ်တွေ မြောက်ဦး စစ်တွေ မင်းပြား မြေပုံ

စစ်တွေ ပေါက်တော စစ်တွေ တောင်ရှည်ကျောက်ဖြူ ရမ်းဗြဲ ကျောက် နီမော် တောင်ကုတ်မာန်အောင်တို့ဖြစ်သည်။

ထိုအတူ စစ်တွေ ရသေ့တောင် ဘူးသီးတောင် ရေလမ်းကြောင်း တစ်ခုတည်းသာ ပြေးဆွဲနေသည့် မလိခအမြန် ရေယာဉ်မှာလည်း

ကိုဗစ်ဖြစ်ပွားသည့်အချိန်မှစ၍ တစ်ခုံကြားစနစ်ဖြင့် ပြေးဆွဲနေကြောင်း မလိခရေယာဉ်မှ မန်နေဂျာ ဦးအောင်ကိုလင်းက ပြောသည်။

ကျနော်တို့မလိခမှာက သုံးခုံတစ်တန်းဆိုတော့ အလယ်ကခုံတစ်ခုကို လက်မှတ်မရောင်းဘူး။ ဘေးနားက ခုံနှစ်ခုံပဲ ရောင်းပါတယ် ဟု သူကဆက်ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် လ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၀၀ ကျော်အထိရှိပြီး ယင်းအထဲမှ ဆေးကုသမှုခံယူနေသူ

၅၀၀ ကျော် ဆေးရုံဆင်းခွင့်ရသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၇ ဦးအထိ ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦး စီး ဌာ န ၏စာရင်းအ ရ သိရသည်။

Credit