Local News

ရန်ကုန်တိုင်းအတွင်းရှိ မီတာရုံး ၃ ခု ဗုံးခွဲခံရသည့် ယ​နေ့ ဇူလိုင်၉ရက်တွင် YESCမှ ​အောက်ပါအတိုင်း စာတ​စောင် ထုတ်ပြန်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်။

၁၃၈၃ ခုနှစ် နယုန်လပြည့်ကျော် ၁၄ ရက်

၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်

၁ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ မီးသုံးစွဲသူ ပြည်သူလူထုများ

အထိုက်အလျောက် သက်သာမှုဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်

မတ်လအထိ လအလိုက် တစ်လလျှင် ၁၅၀ ယူနစ် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် လအလိုက် နောက်ဆုံးပေးသွင်းရမည့်ရက် များကိုလည်း

ရွှေ့ဆိုင်းကာ နောက်ကျဒဏ်ကြေး ကင်းလွတ်ခွင့်ပြု၍ နောက်ကျပေးသွင်းစေခဲ့ခြင်း များလည်း ပြုလုပ်ခဲ့ပါသည်။

၂ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများမှ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားများကို ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့်

မိဘ ပြည်သူများမှ မိမိတို့ သုံးစွဲခဲ့သည့်လျှပ်စစ်ဓာတ်အားခများကို ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။

၃ ပြည်သူများအနေဖြင့် ယခင်နှစ်ကာလများကတည်းက လစဉ် မိမိတို့ သုံးစွဲသည့် ဓာတ်အားခကို ပေးဆောင်နေခဲ့ကြခြင်းမှာ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်ပါသည်။

ယခုအချိန်တွင် ပြည်သူ များကို ဓာတ်အားခ မ ပေးချေကြရန်နှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံခြင်း ရပ်တန့်ရန် အထူးအသိပေးခြင်းဆိုသည့်

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ဖ.ဆ.လ.တ ၏ ဆောင်ရွက်ချက် သည် ပြည်သူများ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးရန် အတွက်

ဓာတ်အားထုတ်လုပ်မှုစရိတ် ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့နှင့် LNG ဓာတ်အားခ များအတွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး

ပြည်သူများ လျှပ်စစ်မီးလျော့နည်း ရရှိကာ မီးများအလှည့်ကျပေးရသည်အထိ ဖြစ်ပေါ်လာစေရန် ရည်ရွယ် ဆောင်ရွက်နေကြောင်းနှင့်

ပြည်သူများအတွက် ထိခိုက်မှုအန္တရာယ်ရှိလာအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။

၄ သို့ဖြစ်ပါ၍ မိမိတို့ သုံးစွဲခဲ့သော လျှပ်စစ်မီတာခများကို လစဉ်ပုံမှန်ပေးဆောင်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏

အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။

Credit