Knowledge

ယနေ့ ဂျပန်နိုင်ငံ Atami မြို့မှာ ထိတ်လန့်စရာကောင်းတဲ့ မြေပြိုမှုတစ်ခုဖြစ်ပွားပြီး အိမ်တွေ၊ကားတွေနဲ့အတူ လူတွေပါ မျောပါသွားခဲ့

ယနေ့ ဇူလိုင် လ ၃ ရက်နေ့မှာတော့ ဂျပန်နိုင်ငံမှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းတွေတက်လာခဲ့တာ ဖြစ်ပါတယ်

မနက် ၁၁နာရီခွဲ ဝန်းကျင်ခန့်က ဂျပန်နိုင်ငံ၊ Shizuoka ခရိုင်Atami မြို့မှာ ကြီးမားတဲ့မြေပြိုမှုဖြစ်ပြီး အဆောက်အအုံတွေ၊ကားတွေနဲ့ ဓာတ်

တိုင်တွေအကုန် ပြိုလဲပျက်စီးသွားခဲ့တာ ဖြစ်ပါတယ် ဒါ့အပြင် ဂျပန်ပြည်သူ ၂၀ ဦးခန့်

မျောပါသွားခဲ့ကြောင်း သတင်းမီဒီယာတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်

ယခုလက်ရှိ လူမှုကွန်ယက်စာမျက်နှာထက်မှာဆိုရင်လည်း ဂျပန်ပြည်သူတစ်ဦး

ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကတော့ Atami မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်ကို အမိအရရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။

မျက်စိတစ်မှိတ်အတွင်းမှာတင် အိမ်တွေ၊ကားတွေနဲ့လူတွေပါ

မျောပါသွားခဲ့တဲ့ ဒီဖြစ်စဥ်ကတော့ တကယ့်ကို ထိတ်လန့်စရာကောင်းနေတာ ဖြစ်ပါတယ် ။

နိုင်ငံတကာက ပြည်သူတွေကလည်း ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုပြီး

မြေပြိုမှုနဲ့အတူ မျောပါသွားခဲ့တဲ့ ဂျပန်ပြည်သူတွေအတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ် ။

ဂျပန်နိုင်ငံကတော့ မြန်မာ့အရေးမှာဆိုရင်လည်း တစ်ဖက်တစ်လမ်းကနေ တက်တက်ကြွကြွပါဝင်ကူညီပေး‌ခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုဖြစ်စဥ်ကို ဗီဒီယိုဖိုင်ကို

ဖော်ပြပေးရင်းနဲ့ ဂျပန်ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

credit