Knowledge

ထမင်းနဲ့ ငရုတ်သီးကို စားပြီး မောင်လေးအတွက် ဆေးဖိုးရှာခဲ့သူလေးရဲ့ ဖြစ်ရပ်

ထမင်းနဲ့ ငရုတ်သီးကို စားပြီး မောင်လေးအတွက် ဆေးဖိုးရှာခဲ့သူလေးရဲ့ ဖြစ်ရပ်

ထမင်းနဲ့ ငရုတ်သီးကို ၅ နှစ်လုံးလုံးစားပြီးတော့ မောင်လေးအတွက် ဆေးဖိုးရှာခဲ့သူလေး ကွယ်လွန်သွားရှာပြီ

အမကြီး အမိရာဆိုတဲ့ စကားပုံဟာ ဒီဖြစ်ရပ်လေးမှာ မှန်နေခဲ့တာကို သက်သေပြခဲ့တာပါ။

ပြီးခဲ့တဲ့ ၅နှစ်မှာ တစ်နေ့ကို ၂ ယွမ်မန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီးတော့ ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပြီး

အာဟာရပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့သော တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြခဲ့တာပါ။

အသက်၂၄နှစ်အရွယ်ရှိပေမဲ့လည်း ခန္ဓာကိုယ်အလေးချိန် ၄၃ပေါင်ကျော်ပဲရှိသော ဝူဟွာယန်

Wu Hua y an ရဲ့ဓာတ်ပုံတွေဟာ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့တာပါ။

သူ မဟာ ၂၀၁၉ ခုနှစ်အောက်တိုဘာအသက်ရှူကျပ်တဲ့ဝေဒနာကြောင့်ဘဲ ဆေးရုံရောက်လာခဲ့တာပါနော်။

ဝူဟွာယန် ကျန်းမာလာဖို့ ကူညီနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ

ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူက ပြောခဲ့တာပါ။တတိယနှစ် တက္ကသိုလ်ကျောင်းသူလေး

ဝူဟွာယန် Wu Hua yanက စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်ဖြစ်သူကို စောင့်ရှောက်ရင်း ကျောင်းတက်ခဲ့သူပါနော်။

 

 

ဝူဟွာယန် ၄ နှစ်သမီးအရွယ်မှာဘဲ မိခင် ဆုံးပါးခဲ့ပြီးတော့ ကျောင်းသူဘ ဝ ရောက်ချိန်မှာတော့ ဖခင်ဖြစ်သူ ဆုံးပါးကွယ်လွန်ခဲ့တာပါ။

အစောပိုင်းမှာတော့ သူတို့မောင်နှမကို အဘွားဖြစ်သူက စောင့်ရှောက်ထားခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ ဦးလေးနဲ့ အဒေါ်ဆီက ထောက်ပံ့ရခဲ့တာပါ။

သိုေ့ပမယ့်တစ်လကို ယွမ်၃၀၀ ပဲထောက်ပံ့ပေးနိုင်ခဲ့ပြီးတော့ အဲဒီငွေကလည်း မောင်ဖြစ်သူရဲ့ ဆေးဖိုးဖြစ်ခဲ့တာပါ။

 

 

 

ဒါကြောင့် ဝူဟွာယန်က တစ်နေ့ကို ၂ ယွမ်ပဲ သုံးခဲ့ပြီးတော့ ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပါတယ်တဲ့။သူမဟာ
၅ နှစ်လုံးလုံး အစာရေစာ မဝမလင်

စားခဲ့ရလို့ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောခဲ့တာပါ။

သူတို့မောင်နှမဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ကွေ့ကျိုးပြည်နယ်မှာ နေထိုင်သူတွေပါတဲ့။

 

 

သူတို့အကြောင်း လူသိရှင်ကြား ဖြစ်သွားပြီးချိန်မှာတော့ တရုတ်ပြည်သူတွေက

အာဏာပိုင်တွေကို ဒေါသတကြီး ဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။ဝူဟွာယန်ရဲ့အဖြစ်ကတော့

အာဖဂန်နစ္စတန်ဒုက္ခသည်တွေထက် ပိုဆိုးခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ယောက်က ရေးသားခဲတာပါ။

Credit