Knowledge

ဂိုးသမား ပြည့်လျှံအောင် ဂျပန်မှာနေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ရပြီ

ဂျပန်နိုင်ငံ မှာ မေလကုန်ပိုင်းက ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပြိုင်ပွဲ မြန်မာ ဂျပန် ပွဲ အတွင်း

လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့မြန်မာ့လက်ရွေးစင်ဂိုးသမား

ပြည့်သျှံအောင်ကို ဒီကနေ့ ဇူလိုင် ၂ရက်မှာ ဂျပန်အစိုးရက ယာယီနေထိုင်ခွင့် နဲ့အလုပ်လုပ်ခွင့် ကတ်ကို ထုတ်ပေးလိုက်ပါတယ်

အဲဒီကတ်ဟာ ခြောက်လသက်တမ်းရှိမှာဖြစ်ပြီးဒီကာလမှာ ကြိုက်နှစ်သက်ရာအလုပ်ကို ဝင်ရောက်အလုပ်လုပ်ခွင့်ရမှာပါ။

လက်ရှိမှာ တော့ ဂိုးသမားပြည့်သျှံအောင်ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတဲ့

လုပ်ငန်းကိုပါ တပြိုင်နက်ဆောင်ရွက်နေပြီး ခိုလှုံခွင့်ရရှိဖို့ ရာခိုင်နှုန်းများတယ်လို့ ပြောပါတယ်။

ပြည့်သျှံအောင်ဟာ လက်ရှိမှာ ဂျပန်ကလပ်တချို့နဲ့ စကားပြောဆိုထားပြီး ဘောလုံးနယ်ပယ်ထဲမှာပဲ လုပ်ကိုင်ဖို့ ရှိနေပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကိုသိတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင်ကမ်းလှမ်းကြပါတယ်

တိုကျိုမြို့အနားမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာကစားသမားတွေအနက် ကိုပြည့်သျှံအောင်

တစ်ဦးတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်သုံးချောင်းထောင် သင်္ကေ တ လုပ်ခဲ့ပြီး တရား

မျှတမှု လိုအပ်တယ်ဆိုတဲ့ စာသား ပြခဲ့ပြီးနောက်ပိုင်း သူ့အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့်

အသင်းသားတွေနဲ့ ပြန်မလိုက်ဘဲ ဂျပန်နိုင်ငံမှာပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရင် စစ်ကောင်စီတပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံရနိုင်တာကြောင့်

သူ့ရဲ့ လျှောက်လွှာကို ချက်ချင်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဂျပန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန်အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်ရခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ကိုပြည့်သျှံအောင်ဟာ

ဂျပန်နိုင်ငံမှာ ၆ လတာ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရမှာ ဖြစ်ပါတယ်။

အမှတ်မမှားဘူးဆိုရင် ပြည့်လျှံအောင်သာ ဂျေလိဂ်မှာကစားခွင့်ရရင်

မြန်မာလူမျိုးထဲက ပထမဆုံးကစားခွင့်ရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားမှာပါ

Credit