Knowledge

ကလေးမြို့တွင် တစ်မြို့လုံးနီးပါး အဖျားရောဂါဖြစ်ပွားနေပြီး အောက်စီဂျင်ပြတ်လပ်မှုများနှင့် ပါကြုံနေရ

ကလေးမြို့တွင် တစ်မြို့လုံးနီးပါး အဖျားရောဂါဖြစ်ပွားနေပြီး အောက်စီဂျင်ပြတ်လပ်မှုများနှင့် ပါကြုံနေရ

ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေ စစ်ကိုင်းတိုင်း အ နောက်မြောက်ဘက်

ကလေးမြို့တွင် တစ်မြို့လုံးနီးပါးအဖျားရောဂါဖြစ်ပွားနေပြီး ကိုဗစ်ရောဂါကုသရေးတွင်

အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် အောက်စီဂျင်ပြတ်လပ်မှု အခက် အခဲများကိုပါ

ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ ဇွန် လ ၂၈ ရက်နေ့က သိရသည်။

လက်ရှိတွင် ကလေးမြို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများရှိနေသော်လည်း ဆေးရုံဆေးခန်း

နှင့် ကုသရေးစင်တာများသို့ သွားရောက်ကုသခြင်းမရှိဘဲ နေ အိမ်၌သာ ကုသခြင်းမျိုးဆောင်ရွက်နေသည့်

အပြင်ကိုဗစ်ရောဂါဖြစ်ပွားမှု နှင့် ပတ်သက်၍ ကူညီထောက်ပံ့မှုများ မရရှိသည့်အတွက်

အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လူမှုရေးအသင်းတွေကရော ကြိုးစားပြီးတော့ ဖြည့်နေတာကို လောက်ငမှုမရှိတာ။

တချို့ဆိုင်တွေဆိုရင် ပိတ်ကုန်ကျပြီး တချို့ဆိုင်တွေကတော့ သူတို့ကိုယ်တိုင်စဖျားလို့ဆိုပြီးတော့ ပိတ်တာရှိတယ်။

အများစုကတော့ ကြိုးစားပြီးတော့ ဖွင့်ကျတယ်။ သူတို့ကိုယ်တိုင်ဖျားမှပဲ

ပိတ်တာ များပါတယ်ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြော သည်။

လက်ရှိတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် နေ့စဥ် ရောဂါကူးစက်သူအရေအတွက်ကို

ထုတ်ပြန်ပေးမှုရှိနေသော်လည်း ကလေးမြို့တွင် ရောဂါ စစ် ဆေးမှုမရှိ

ဘဲဖျားနာနေသည့်လူနာ ၁၀၀၀ ကျော်ခန့်ရှိပြီး ယင်းအနက် တချို့သော လူများသည်

အသက်သေဆုံးသည်အထိ ဖျားနာမှုရှိခဲ့ကြောင်း ဒေသခံတချို့က ဆိုသည်။

Special Condition အရေးပေါ် အထူးအစီအစဥ် လို အပ်နေပြီ အထူးထောက်ပံ့မှု

လိုနေပြီလို့ ပြောချင်တယ် ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်ရောဂါဖြစ်နေသော်လည်း သေဆုံးသူမျ ားကို ဓာတ်ခွဲစစ်ဆေးခြင်းမရှိသည့်အတွက်

တချို့သော ခရစ်ယာန် ဘာသာ ဓမ္မဘုန်းကြီးများပါရောဂါကူးစက်ခံရပြီး အသက်သေဆုံးမှုများပါရှိခဲ့ကြောင်း

ဖြိုးဝေအောင်