Local News

သူမရဲ့မွေးနေ့လေးကို စစ်ဘေးရှောင်စခန်းလေးတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေ

မြန်မာနိုင်ငံရဲ့နို င်ငံရေးအခြေ အနေတိုင်းရင်းသာဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီး

စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေစောင့်ရှောက်မှုတွေလိုအပ်နေတာကြောင့် ပရဟိတဆရာ၀န်မလေး

တစ်ဦးက သူတတ်တဲ့ပညာနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကုသမှုပေးနေတာလည်းတွေ့ရပါတယ်

၎င်းဆရာ၀န်မလေးက စစ်ဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုပေးနေပြီး

အခက်အခဲတွေကြားကနေ ရိက္ခာတွေလည်းတတ်နိုင်သ၍လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ၎င်းပရဟိတဆရာ၀န်မလေးရဲ့၂၅နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။

သူမရဲ့ မွေးနေ့လေးကိုစစ်ဘေးရှောင်စခန်းတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း စစ်ဘေးသင့်ပြည်

သူတွေကို ကြက်သားဆန်ပြုတ်နဲ့ ချင်းပန်းသီးလေးတွေ ဝေပေးခဲ့တာကိုတွေ့ရပါတယ်။

စစ်ဘေးရှောင်ကလေးတွေခမျာ ဆရာ၀န်မလေးကျွေးတဲ့ ကြက်သားဆန်ပြုတ်ကိုအား ရပါး

ရသောက်ကြရင်း ချင်းပန်းသီးလေးတွေယူကာ အတိုင်းမသိပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။

ပုံတွေထဲမှာဆိုရင်လည်း ကလေးငယ်လေးတွေရဲ့အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ဇလုံလေးတွေ

ကိုယ်စီကိုင်ကာ ဝိုင်းဖွဲ့စားသောက်နေကြတဲ့ပုံရိပ်လေးတွေကိုတွေ့မြင်ရတယ်။

အခုလိုကိုယ့်ကျိုးကိုမငဲ့ပဲ စစ်ဘေးသင့်ဒေသတွေမှာကူညီပေးနေတဲ့

ဆရာ၀န်မလေးလည်း မွေးနေ့မှာပျော်ရွှင်ပါဆုတောင်းပေးလိုက်ပါတယ်နော်။

Credit