Knowledge

ဘုန်းကြီးကျောင်းမှာ ကုဋီဆေး လုပ်အားဒါနကုသိုလ်လေးပြုလုပ်ခဲ့တဲ့ ပွင့်နဒီမောင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော ပွင့်နဒီမောင်ကတော့

လတ်တလောမှာ ပရဟိတအလုပ်တွေကို သူတတ်နိုင်သလောက် လိုက်လံလုပ်ဆောင်နေခဲ့ပါတယ်။

လိုအပ်တဲ့သူတွေအတွက် အမြဲတမ်းလိုလို လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေနဲ့ အတူတူ လုပ်ဆောင် နေ

ခဲ့ပြီး ဒီနေ့မှာလည်း ဘုန်းကြီးကျောင်းမှာ လုပ်အားဒါနကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

ပွင့်နဒီမောင်ကတော့ ဒီနေ့ ဇွန် လ ၁၉ ရက်နေ့မှာ ဘုန်းကြီးကျောင်းမှာ ကုဋီအိမ်သာတွေကို

ကိုယ်တိုင်ကိုယ်ကျ သေချာ ဆေးကြောသန့်ရှင်းကာ မွန်မြတ်လှတဲ့

လုပ်အားဒါနကုသိုလ်လေးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပွင့်နဒီမောင်က အခုလို ကုဋီဆေးလုပ်အားဒါနကုသိုလ်ကို အရင်ကတော့ ပြုလုပ်ဖူးခဲ့ခြင်းမရှိပေမဲ့

အခုနောက်ပိုင်းမှာတော့ တစ်လတစ်ကြိမ် အနည်းဆုံးဆေးနိုင်အောင် ဆေးပြီး ကုသိုလ်လေးပြုလုပ်နေပါတယ်တဲ့။

ဒီတစ်ကြိမ်နဲ့ဆိုရင်လည်း ကုဋီဆေးလုပ်အားဒါနကုသိုလ်လေးကို ပြုလုပ်ခဲ့တာဆိုရင် (၃)ကြိမ်တိုင်တိုင်

ရှိသွားပြီလို့လည်း ဝမ်းသာပီတိဖြစ်စွာနဲ့ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီရေ ပွင့်နဒီမောင်ရဲ့ မွန်မြတ်လှလုပ်အားဒါနကုသိုလ်လေးကို

သာဓုခေါ်ဆိုနိုင်စေဖို့ ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source P w int Nadi M aung