Local News

ဒေါ်အောင်ဆန်းစုကြည့်ရဲ့၇၆ နှစ်ပြည့်မွေးနေ့ကို ထူးထူးခြားခြားမွေးနေ့ဆုမွန်ကောင်းတောင်းပေးတဲ့အပြင် ပန်းသပိတ်မှာပါဝင်ဆင်နွှဲခဲ့တဲ့နေခြည်ဦး

ပရိတ်သတ်ကြီးရေ Beauty Blogger တစ်ယောက်ဖြစ်တဲ့နေခြည်ဦးဟာဆိုရင် အနုပညာလမ်းကြောင်းမှာ

နေရာတစ်နေရာရရှိနေတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်နော်။​

နေခြည်ကတော့ အကောင်းစား ပစ္စည်းတွေကိုသုံးထားနိုင်သူဖြစ်တာကြောင့်ဆယ်ကျော်သက်

အရွယ်လေးတွေရှေ့မှာတော့ အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတော့တာပဲဖြစ်ပါတယ်နော်။

နေခြည်ဦးက လတ်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း အစပိုင်းမှာတော့

ပြည်သူလူထုနဲ့အတူရပ်တည်သလိုနဲ့နောက်ပိုင်းတော့ ငြိမ်ချက်သားကောင်းသွားတာပဲဖြစ်ပါတယ်နော်။

အကြောင်းကတော့ သူ မတို့မိသားစုက စစ်တပ်အသိုင်းအဝိုင်းကဖြစ်တဲ့အတွက် နိုင်ငံရေးကိုဟန်ပြသာလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက်လည်း ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်နော်

နေခြည်ဦးက ဒီကနေ့ဇွန် လ(၁၉)ရက်နေ့မှာကျရောက်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆)နှစ်ပြည့်

မွေးနေ့မှာ ထူးခြားတဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ အပြင်ပြည်သူလူထုနဲ့အတူပန်းသပိတ်ကိုလည်းပါဝင်ဆင်နွှဲခဲ့ပါသေးတယ်နော်။

နေခြည်ဦးက Happy Birthday အမေစု ချစ်တဲ့သူတွေပို့သတဲ့မေတ္တာကြောင့်အမြန်ဆုံးအချုပ်အနှောင်မှကင်းဝေးပါစေ ကိုယ်လည်းကျမ်းမာ

စိတ်လည်းချမ်းသာပါစေဆိုပြီးဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခုလိုပြည်သူနဲ့တစ်သားတည်းပါဝင်လာတဲ့နေခြည်ဦးကို သူ မရဲ့ Chillies တွေကလည်းဝမ်းသားဂုဏ်ယူနေ

ကြတာကိုတွေ့မြင်ခဲ့ရသလို တစ်ချို့သောပရိတ်သတ်တွေကအံ့သြနေကြတာကိုလည်းတွေ့မြင်ခဲ့ရပါသေးတယ်နော်။

ခုလိုပန်းသပိတ်မှာပါဝင်ခဲ့တဲ့နေခြည်ဦးအပေါ်ပရိတ်သတ်ရဲ့အမြင်လေးတွေကိုလည်းရေးသားခဲ့ပါအုံးနော်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source Nay Chi O o Facebook acc
Credit Celebrity Platforms