Knowledge

မီးဘေးသင့်ခဲ့တဲ့ရွာတွေအတွက် အဝတ်အထည်တွေ စားစရာတွေနဲ့စောင်တွေလှူဒါန်းပေးလိုက်တဲ့ ဆောင်းယွန်းစံ

မီးဘေးသင့်ခဲ့တဲ့ရွာတွေအတွက် အဝတ်အထည်တွေ စားစရာတွေနဲ့စောင်တွေလှူဒါန်းပေးလိုက်တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်တောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့

လတ်တလောမှာ မီးဘေးသင့်ခဲ့တဲ့ ရွာတွေအတွက် လိုအပ်တာတွေကို လှူဒါန်းပေးလိုက်ပါတယ်။

မီးဘေးဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံတွေခဲ့ရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အဝတ်အထည်တွေ

စားစရာတွေနဲ့ စောင်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မကြာသေးခင်အချိန်ကလည်း ဆောင်းယွန်းစံက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း လိုအပ်တာ

တွေကို လှူဒါန်းပေးခဲ့တဲ့အပြင် အခုတစ်ခါက်မှာလည်း မီးဘေးသင့်ပြည်သူတွေအတွက်နဲ့အတူ စစ်

ဘေးရှောင်တွေအတွက် မိုးကာများ အဝတ်အထည်များ စောင်များ စားစရာများကိုလည်း ထပ်မံပြီးတော့လှူဒါန်းခဲ့ပါသေးတယ်။

အခုလိုလှူဒါန်းမှုမှာ ပါဝင်ပေးကြတဲ့ အလှူရှင် ပရိသတ်တွေကိုလည်

း ကျေးဇူးတင်ကြောင်းလည်း ဆောင်းယွန်းစံကဖော်ပြထားခဲ့ပါသေးတယ်။

ဒါ့အပြင် သူအပါအဝင် အလှူရှင်တွေအားလုံးက စေတနာမေတ္တာအပြည့်နဲ့လှူဒါန်းပေးတာကြောင့်

အလှူပစ္စည်းတွေက လှူဒါန်းတဲ့ နေရာတွေကို အခက်အခဲမရှိ သေသေချာချာလေးရောက်ရှိပါစေလို့လည်း တောင်းဆုပြုထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဆောင်းယွန်းစံနဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source Saung Yoon San