Knowledge

ပရိသတ်တွေနဲ့ အတူ အိမ်ထောင်စု ၁၀၀ စာအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ မမဆောင်း

ပရိသတ်တွေက ချစ်စနိုးနဲ့ မမဆောင်းလို့ ခေါ်ရတဲ့ သရုပ်ဆောင် မင်းသမီးချော ဆောင်းအိန္ဒြေထွန်း

ကတော့ ဒီနေ့မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ အတူတူ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မမဆောင်းကတော့ အလှူအတန်းတွေကို အမြဲလိုလို ပြုလုပ်လေ့ရှိပြီး ဒီနေ့ ဇွန် လ ၁၇ရက်နေ့မှာလည်း

ရန်ကုန်မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ အိမ်ခြေ ၁၀၀ စာအတွက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်

အိမ်ခြေ ၁၀၀ မိသားစု၁၀၀ စာအတွက် ဆန်၊ဆီ၊ကြက်သွန်စတဲ့ အခြေခံစားသောက်ကုန်တွေကစလို့

အသားငါးနဲ့ အသီးအရွက်မျိုးစုံကို လှူဒါန်းပေးခဲ့တဲ့ အပြင်

အလှူငွေတွေကိုပါလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မ မဆောင်းက အမြဲတမ်းလိုလို လုပ်ဖော်ကိုင်ဖက်အနုပညာရှင်မောင်နှမတွေနဲ့ သာမ က သူရဲ့ ချစ်ရတဲ့

We Love အဖွဲ့ဝင် ပရိသတ်တွေနဲ့လည်း စုပေါင်းပြီးအလှူအတန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေကိုပါ

ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ကိုင်လေ့ရှိပါတယ်။

ဒီနေ့မှာ မမဆောင်းကသူ့ရဲ့ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ အလှူလေးကို ပရိသတ်တွေ ထပ်တူ

ကုသိုလ်ရ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ

Live လွှင့်ကာမျှဝေဖော်ပြထားခဲ့ပါတယ်။ပရိသတ်ကြီးရေမမဆောင်းနဲ့

သူ့ရဲ့ပရိသတ်တွေ စုပေါင်းပြုလုပ်တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

crd