Knowledge

မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ အမေရိက က အလှူရှင်မိသားစု

မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာ လည်း အမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။

ဒီနေ့မှာလည်း အမေရိကနိုင်ငံမှာနေထိုင်တဲ့ ကိုဇော်မျိုး မသူသူအောင် မိသားစုက မြန်မာ့နွေဦး

တော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါ တယ်

ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆို ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။

ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာ လှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာ ပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။

လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာ အေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့ အခက်အခဲကို

လျစ်လျူမရှုဘဲ အခုလိုလှူဒါန်းပေးတဲ့စေတနာက ပြောမကုန်နိုင်အောင်ပါပဲ။

ဝမ်းပန်းတသာလှူဒါန်းပေး ကြတဲ့ အလှူရှင်တွေကို မြန်မာပြည်သူပြည်သားတွေက

သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီး ကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။

ဒီငွေတွေဟာ တကယ်လိုအပ်နေတဲ့နေရာတွေကို ရောက်တော့မှာဖြစ်လို့ အခက်အခဲဖြစ်သူတွေအတွက်

အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွား ရင်တောင် ကျေနပ်စရာကောင်းလွန်းပါတယ်။

အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကို ကိုဇော်မျိုး  မသူသူအောင်

မိသားစုက နွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်း လှူဒါန်းကြောင်း သိရှိရတဲ့အတွက် နိုင်ငံချစ်စိတ်နဲ့ အတူ မွေး‌ဖွားရာ ဇာတိမြေအပေါ် ထားရှိတဲ့

စေတနာတို့ကို မြင်မိရင်း တကယ်ကိုပဲ လေးစားဂုဏ်ယူမိ ပါတယ်ခင်ဗျာ။

အလှူရှင်မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ အရေးတော်ပုံ အောင်ရမည်။

ဆိုပြီး ပီတိဖြစ်ရသူတစ်ယောက်က ဝေမျှလာခဲ့ပါတယ်။

ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ ညာဖက်က တစ်လှည်းဝင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ဘုန်းထက်ကြယ် FB Acc