Knowledge

ပြည်သူများအတွက် ဒေါက်တာဆာဆာ ရေးတဲ့စာ

ကျွန်တော့်ကို ဝန်ကြီးလုပ်ပါ ဒုသမ္မတ လုပ်ပါ စသဖြင့် ပြောကြပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကျွန်တော် ပြောချင်တာက ဝန်ကြီး သမ္မတ ဖြစ်ဖို့က ကျွန်တော့်အတွက် အဓိကမကျပါဘူး။

သမ္မတ ဆိုတဲ့ နာမည်ထက် အဖေနဲ့အမေပေးတဲ့ နာမည် ဆာဆာ ကို ပိုမြတ်နိုးပါတယ်။

ဝန်ကြီး တို့ သမ္မတ တို့ဆိုတာ အမေ ဒေါ် အောင်ဆန်းစုကြည် နဲ့ NLDအကြီးအကဲတွေ

သေချာ တိုင်ပင် ဆွေနွေးပြီး ရွေးချယ်ပါလိမ့်မယ် ဒါကို ကျွန်တော်တို့ ပြည်သူတွေ အားလုံး လက်ခံပေးရမယ်။

ဒီတိုင်းပြည်မှာ နှစ်ပေါင်း ၆၀-၅၀ ကနေ ယနေ့ အချိန်ထိကြည့်ကြပါ အမေ ဒေါ်အောင်ဆန်းစုကြည် လောက် အနစ်နာခံ ပေးဆပ် ပြီး ဦးဆောင်နိုင်တဲ့သူမရှိပါဘူး။

အမေစုက မြန်မာပြည်ကြီး တိုးတက်ဖို့ ကောင်းဖို့ပဲ လုပ်တာပါ ဒါကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းတဲ့ အစိုးရကို ကြိုဆိုကြပါစို့။

နိုင်ငံရေးမှာ လူမျိုးရေး ဘာသာရေး ခွဲခြားစရာမလိုပါဘူး။ နိုင်ငံ ခေါင်းဆောင်တိုင်းဟာ ကိုယ်ယုံကြည်ရာ ဘာသာတရားရဲ့

အဆုံးမကို လိုက်နာဖို့လိုပါတယ် အမေ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဗုဒ္ဓဘာသာ တရားကို သေချာ လိုက်နာတယ် စာနာတတ်တယ်

အမုန်းတရား ကင်းတယ် အာဏာဆိုတာထက် ပြည်သူကို ကောင်းကျိုး ဘယ်လို ပြုမယ်ဆိုတာပဲ တွေးတယ်။

ခေါင်းဆောင်တွေဟာ ဘာသာတရားအဆုံးမကို မလိုက်နာတော့ဘူးဆိုရင် အာဏာရဖို့ အဓိက ငွေရဖို့အဓိက ဖြစ်သွားတတ်ပါတယ်။

အာဏာရဖို့ ငွေရဖို့ဆိုရင် ပြည်သူအတွက်မကြည့်တော့ပဲ ဘာမဆို ပြောရဲ ဆိုရဲ လုပ်ရဲလာတတ်ကြတယ်။

ကျွန်တော်ဆိုရင် ခရစ်ယာန်ဘာသာဝင်ဖြစ်တယ် လူသားတွေ အဆင်ပြေ ပျော်ရွှင်အောင် ကျွန်တော် ဘယ်လောက်ထိ

လုပ်ပေးနိုင်မလဲပဲ စဉ်းစားတယ် အာဏာတွေမလိုဘူး။ အဓိက မြန်မာပြည်ကြီး တိုးတက်ဖို့ပဲ စဉ်းစားတယ်။

ဝန်ကြီးဖြစ်မှ သမ္မတဖြစ်မှမဟုတ်ပါဘူး ကျွန်တော့် လုပ်ဆောင်ချက်တွေ အစဉ်မပျက် ဆက်လက် လုပ်ဆောင်သွားမှာပါ

အဖေအမေ ပေးတဲ့ ဆာဆာ ဆိုတဲ့ နာမည်နဲ့လဲ ကမ္ဘာ့ အခမ်းနားဆုံး ဆိုတဲ့ နေရာတွေ ရောက်ပြီးပါပြီ။

ကျွန်တော့်အတွက်တော့ အချိန်တွေ အများကြီးရှိပါသေးတယ် အနာဂတ်မှာ အခွင့်ကြုံလာခဲ့ရင်တော့

နိုင်ငံတော်နဲ့ ပြည်သူလူထုက တာဝန်အပ်လာခဲ့ရင်တော့ အပ်လာတဲ့ တာဝန်အပေါ်မှာ

တာဝန်ကျေအောင် ကြိုးစား လုပ်ဆောင်သွားမှာပါလို့ပြောချင်ပါတယ်။

အရာအားလုံး ဖြစ်လာနိုင်အောင်လဲ အမြဲတမ်း ဆုတောင်းနေပါတယ်။

Credit