Local News

ကျွန်းစု CDM ဆရာမနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

ကျွန်းစု CDM ဆရာမနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

Da wei Watch | ထားဝယ်၊ ဇွန် ၁၅

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်သည်ဟုဆိုကာ ဆရာမနှစ်ဦးအား ဇွန် လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြ ဆ ရာမ ဒေါ်နေခြည်ထွေးနှင့် အုတ်ဖိုမော်ရွာတွင်တာဝန်ကျနေသည့် မူလတန်းပြ ဆရာ မ ဒေါ်ချစ်မြတ်သူတို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် CDM တွင်ပါဝင်ပြီး လှုံ့ဆော်မှုလည်း ပြုလုပ်သည်ဟုဆိုကာ မတ် လ ၃၁ ရက်က နေအိမ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။

ထိုနောက် ရာဇသတ်ကြီးဥပဒေပုဒ် မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထောင်ကျသွားတဲ့မိသားစုမှာ အခက်အခဲတော့ရှိမှာပေါ့လေ။ အခက်အခဲမရှိတဲ့ သူဆိုတာ ဘယ်ရှိနိုင်မလဲ” ဟု ၎င်းကဆိုသည်

ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူတို့နှစ်ဦးအပါအဝင် အခြားသူများကိုလည်း ဇွန် လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခဲ့ပြီး လူဦးရေအတိအကျကိုမူ မသိရကြောင်း ၎င်းကပြောသည်။

အသက် ၂၆ နှစ်အရွယ် ဒေါ်နေခြည်ထွေးနှင့် အသက် ၂၃ နှစ်အရွယ် ဒေါ်ချစ်မြတ်သူတို့မှာ အဒေါ်နှင့် တူ မ ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။crd

ပုံစာ – ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူ