Local News

အနုပညာရှင်အချို့ကိုအမှုတွေပိတ်သိမ်းပေးတော့မည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောကြား

ပုဒ်မ၅၀၅က ဖြင့်အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်အချို့ကိုအမှုတွေကိုပိတ်သိမ်းပေးမယ်လို့နစ က

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဇွန်၁၂ရက်က နေပြည်တော်မှာပြုလုပ်တဲ့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ

သတင်းထောက်တစ်ဦးရဲ့မေးခွန်းကိုဖြေကြားရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုပြောကြားသွားခဲ့ တာဖြစ်ပါတယ်

CDMဝန်ထမ်းတွေကိုဆောင်ရွက်တဲ့အဆင့်အတိုင်း

ပုဒ် မ ၅၀၅ကနှင့်အမှုဖွင့်ထားတဲ့ အနုပညာရှင်အချို့ကို အမှုပိတ်သိမ်းပေးဖို့အစီအစဉ်ရှိပါတယ်။

အမှုပိတ် သိမ်းဖို့ဆောင်ရွက်ရာမှာတော့ အကြမ်းဖျင်းအားဖြင့် CDM ဝန်ထမ်းတွေ အချိန်မီလုပ်ငန်းခွင်ပြန်ဝင်လာ အောင်ဆောင်ရွက်တဲ့အဆင့်အတိုင်းပဲ

ဆောင်ရွက်ပေးလျှက်ရှိပါတယ် လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။

ဘယ်သူတွေအမှုပိတ်သိမ်းခံရနိုင်သလဲအနုပညာရှင်တွေနှင့်ပတ်သက်ပြီးတော့ ပထမအဆင့်က ပြစ်မှုကျူးလွန်မထားသူတွေ CDM ကိ စ္စ Social

Bullying မှာထဲထဲဝင်ဝင်လှုံဆော်တာမလုပ်ခဲ့တဲ့သူတွေကို သူတို့ရဲ့လှုမှုရေးကိစ္စတွေလှုမှုစီးပွားကိ စ္စတွေ

ကိုထောက်ထားပြီးပြန်လည်ကုစားမှုတွေဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း အနုပညာရှင်အချို့ဖမ်းဆီးထိန်းသိမ်းခံရာက ပြန်လွတ်လာတာကိုလည်း သူက အတည်ပြုခဲ့ပါတယ်။

လွတ်မြောက်ဖို့ငွေပေးရတယ်ဆိုတဲ့ကောလာဟလအချို့ကိုလည်း သူကထပ်မံ ငြင်းဆိုပါတယ်။

အနုပညာရှင်အချို့ကိုယ်တိုင် ငွေမပေးရပါဘူးလို့ သူတို့ wall ပေါ်တက်ရေးထားတာရှိပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး အမှုပိတ်သိမ်းပြီးပြန်ရောက်နေတဲ့ အနုပညာရှင်တွေရှိပါတယ်။

သူတို့တွေကိုသာမေးကြည့် ကြပါလို့ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်၁၁ရက်က အဆိုတော်အေသင်ချိုဆွေ ထိန်းသိမ်းခံထားရကနေ နေအိမ်ပြန်ရောက်လာပြီလို့

အေသင်ချိုဆွေရဲ့ညီမနှင့်မိခင်ဖြစ်သူတွေက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ် ရေးသားခဲ့ပါ တယ်။

ပုဒ်မ၅၀၅ ကဖြင့်အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေရဲ့အမည်နှင့်စာရင်းတွေကို ပြီးခဲ့တဲ့လတွေက

နစ က သတင်းထုတ်ပြန်ရေးအဖွဲ့က နေ့စဉ်လူ၂၀ဦးစီထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

Source Yangon Media Group