Knowledge

စျေးကုန်းဆရာတော် ပျံလွန်တော်မူတဲ့ကိစ္စနဲ့ ရှင်ပြပြီး မေးခွန်းထုတ်လိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းမှ ဈေးကုန်းဆရာ​တော်ပျံလွန်တော်မူတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး​

ကောင်းခြင်းဆိုးခြင်း ဘာတစ်ခုမှ မ​ဝေဖန်လိုဟုပြောကြားပြီး စစ်ကောင်စီ တပ်များမှ

ရဟန်းသံဃာ​တော်​တွေကို ဖမ်းဆီး ခဲ့ကြတုန်းက​ ဘာသံမှ မထွက်ခဲ့

သူများကို သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ယခုကဲ့သို့ မေးခွန်းထုတ်ခဲ့ပါသည်။

မ​နေ့က ​ဈေးကုန်းဆရာ​တော်ပျံလွန်တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး​ ကောင်းခြင်းဆိုးခြင်း

ဘာတစ်ခုမှမ​ဝေဖန်လိုပါ လူတစ်ချို့ရဲ့ကိစ္စကိုပဲ​ပြောချင်တာ ဖြစ်ပါတယ်။

​ဈေးကုန်းဆရာ​တော်ကြီး ပျံလွန်​တော်မူမှ ထပြီး သံဃာ​တော်​တွေကို မပြစ်မှား

မ​စော်ကားသင့်ပါဆိုတဲ့ နိဗ္ဗာန်ကို ချက်ခြင်းမျက်​မှောက်ပြု​​သွားကြသူ

သူ​တော်စင် သူ​တော်​ကောင်းကြီးများကိုပဲ နည်းနည်း​လောက် ​မေးကြည့်ချင်တာပါ

ခင်များတို့က သံဃာကို​မ​စော်ကားသင့်ဘူး မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင်

စကစ ​တွေက ရဟန်းသံဃာ​တော်​တွေကို ဖမ်းဆီးခဲ့ကြတုန်းက​

ဘာလို့ငြိမ်​နေကြသလဲ မိုးကုတ်​ရေပူဆရာ​တော်ကြီးကို ထောင်သုံးနှစ်ချခဲ့တုန်းက

ပဲခူး​ အောင်ရတနာ​ကျောင်းတိုက်ဆရာ​တော် ပျံလွန်ခဲ့တုန်းက

မိုး​မောက်မှာ ဆရာ​တော်ဦးက​သေ လက်နက်ကြီးထိလို့ပျံလွန်တုန်းက ဘာလို့အသံမထွက်ခဲ့ကြသလဲ

မန်း​လေးမစိုးရိမ်​တိုက်က သံဃာ​တွေပရိတ်ရွတ်လို့
စစ်တပ်က ဘုန်းကြီး​ကျောင်းထဲထိဝင်ပြီး

ဆဲဆို ခြိမ်း​ခြောက်ပစ်ခတ်ခဲ့တာ​ ရက်ပိုင်းပဲရှိ​သေးဗျာ

အဲ့ဒီတုန်းက ခင်များတို့ ဝစီပိတ်ကျင့်​နေကြသလား ဒါ​တွေကိုကျ သံဃာမဟုတ်ဘူးထင်လို့လား

ဒါမှမဟုတ် ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီး မဟုတ်လို့ တခြားဘုန်းကြီး ဘာဖြစ်ဖြစ်ဆိုပြီး

သံဃာ​တော်​တွေကို ခွဲခြားခဲ့တာလား ဒါမှမဟုတ် စစ်တပ်က​တော့ သံဃာ​တွေကို

နှိပ်စက်သတ်ဖြတ်​ စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား ဖြေပါ။

Credit