Local News

ဒေါက်တာ တေဇာဆန်းအား ကိုရီးယားနိုင်ငံက ဇွန်ဒီမိုကရေစီအရေးတော်ပုံ ဂုဏ်ထူးဆောင်ဆု ချီးမြင့်

မြန်မာ့ နွေဦးတော်လှန်ရေး ဦးဆောင်တိုက်ပွဲဝင်သူ ဒေါက် တာတေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံ

ဇွန်ဒီမိုကစီ‌အရေးတော်ပုံ ဂုဏ်ထူး ဆောင်ဆု ချီးမြင့်လိုက်​တယ်လို့ သိရပါတယ်။

ယနေ့ဇွန်လ ၁၀ ရက်မှာ ကျရောက်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ၃၄ နှစ်မြောက်

ဇွန် ၁၀ ဒီမိုကရေစီ တော်လှန် ရေးနှစ်ပတ်လည်နေ့မှာ အဆိုပါ ဆုအား ချီးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။

​ဒေါက်တာတေဇာဆန်းဟာ  မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို အံတုကာ မြန်မာ့ဒီမိုကရေစီနှင့်

ပြည်သူ​တွေရဲ့ လူ့အခွင့်အရေးအား ကာကွယ်ပေးရန်အတွက် သက်စွန့် ကြိုးပမ်းမှု

ကိုရီးယား အစရှိသည့် အာရှဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းကာ

လူသားတို့ရဲ့ အခြေခံ အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် တိုးတက်ရေးတွင်

ကြိုးပမ်း အားထုတ်ခဲ့တဲ့အတွက် အဆိုပါ ဆုအား ချီးမြင့်ခြင်းဖြစ်တယ်လို့

ဂွမ်ဂျူးဂျွန်နမ်း နှစ်ပတ်လည်ပွဲ ကျင်းပရေး ကော်မတီက ဆိုပါတယ်။

ဒေါက်တာ တေဇာဆန်းဟာ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းမှာ ပထမဆုံး လမ်းပေါ်ထွက်

ဆန္ဒပြခဲ့တဲ့ ဆန္ဒပြပွဲ ဦးဆောင်သူ ဖြစ်ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခြင်း ခံထားရသူတစ်ဦး ဖြစ်ပါတယ်။

ဇွန်ဒီမိုကရေစီ ဂုဏ်ထူးဆောင်ဆုကို ​ဒေါက်တာတေဇာဆန်း ကိုယ်စား ကိုရီးယား မြန်မာပူးတွဲ

လုပ်ဆောင်ရေးအဖွဲ့ ဥက္ကဌ ကိုဇော်မိုးအောင်က လက်ခံရယူခဲ့ပြီး မြန်မာပြည်တွင်းက

ဒေါက်တာတေဇာဆန်း ​ပေးပို့တဲ့ကျေးဇူး တင်စကားကို ဖတ်ကြားခဲ့ပါတယ်။

ဇွန် ၁၀ ဒီမိုက‌ရေစီတော်လှန်ရေးဟာ လွန်ခဲ့သည့် ၁၉၈၇ ဂျွန်လ ၉ ရက်နေ့

ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြပွဲတွင် အာဏာရှင်သမ္မတဂျွန်ဒူးဟွမ်ရဲ့ လက်ပါးစေများ

လက်ချက်ဖြင့် ယွန်ဆဲတက္ကသိုလ်ကျောင်းသား အီဟန်ယောလ် ကျဆုံးခဲ့ရတဲ့အတွက်

လူထုတစ်ရပ်လုံး ပါဝင်တဲ့ နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲအသွင်သို့ ကူးပြောင်းခဲ့တဲ့

သမိုင်းဝင် ဒီမိုကရေစီ တော်လှန်ရေးနေ့ ဖြစ်ပါတယ်။

မြန်မာ့ နွေဦးတော်လှန်ရေး ဦးဆောင်တိုက်ပွဲဝင်သူ ဒေါက် တာတေဇာဆန်းကို

တောင်ကိုရီးယားနိုင်ငံက ဇွန်ဒီမိုကစီ‌အရေးတော်ပုံ ဂုဏ်ထူး ဆောင်ဆု ချီးမြင့်လိုက်​တယ်လို့ သိရပါတယ်။

Credit