Knowledge

PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦးရဲ့ သေတမ်းစာ

တိုင်ပြည်ကိုကာကွယ်ဖို့လူငယ်တစ်ချိူ့ဟာပြည်သူက ာကွယ်ရေးတပ်မတော်ထဲဝင်ခဲ့ကြပါတယ်။ အခုဆိုရင်ရှေ့တန်းမှာကျဆုံးသွားခဲ့ရတဲ့ PDFအဖွဲ့ဝင်လူငယ်လေးများလည်းရှိနေခဲ့ပါတယ်။

ရှေ့တန်းမှာရောက်နေတဲ့ PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦးဟာ သူရဲ့သေတမ်းစာကိုအခုလိုရေးသားခဲ့ပါတယ်။

ရှေ့တန်းရောက်နေပြီဆိုတော့ဘဝကမသေချာတော့ဘူးသူငယ်ချင်းတို့  ငါအသက်ရှင်နေသရွေ့တော့တော်လှန်နေအုံးမှာပဲ၊ ငါကြောက်တာတစ်ခုကသေမှာမဟုတ်ဘူး၊ ငါသေသွားလို့ ဒီတော်လှန်ရေးမအောင်မြင်တော့မှာကိုစိုးတယ်အခုဆိုသွေးအေးသွားကြတဲ့လူတွေအများကြီး၊ငါတို့မှာလည်းမိဘတွေကိုယ်ချစ်တဲ့သူတွေကိုထားခဲ့ရပြီးတိုင်ပြည်အတွက်ကာကွယ်ပေးနေကြတာ၊

အခုငါရေးတဲ့စာတောင် အဆုံးထိ ဖတ်ကျမယ်မထင်တော့ဘူး..ငါတို့တွေအင်အားတစ်ခုနဲ့ပါဝင်ပေးကြမယ်ဆိုရင် ငါတို့ဘေးမှာကျသွားတဲ့ ညီငယ်လေးတွေကိုမဆုံးရှုံးရတော့ဘူး၊ဒါပေမဲ့ အားလုံးပါဝင်ပေးကြပါလို့တောင်းဆိုတာဟာ မဖြစ်နိူင်တဲ့အရာတစ်ခုပါကွာ၊

ငါတိုက်ပွဲမှာကျသွားခဲ့ရင် ငါ့မိဘကိုဆောင့်ရှောက်ပေးပါ အလှူငွေတွေထည့်ပြီးလှူပေးပါလို့ငါမတောင်းဆိုဘူး၊ ငါတောင်းဆိုချင်တာတစ်ခု ဒီပွဲကိုနိူင်အောင်တိုက်ပေးကြပေးပါ။ အခုတစ်ချိူ့ဆိုပုံမှန်အလုပ်လေးတွေပြန်လုပ် ကျောင်းတတ်သူကတတ် ရုံးတတ်သူကတတ်၊ ကလပ်သွားလိုက်၊ ဘားသွားလိုက်နဲ့ ဖြစ်ကုန်ကြပြီဟာ၊ အဲ့တာတွေမြင်ရတာတောထဲရောက်နေတဲ့ ငါတို့စိတ်မကောင်းဘူး” ဆိုပြီးရေသားထားတာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။crd