Knowledge

ဆယ်မွှာပူး ရင်သွေးလေးတွေကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ တောင်အာဖရိက ဇနီးမောင်နှံ

Gos ia me Sithole လို့ခေါ်တဲ့ အသက် 37 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ

ကလေး ဆယ်မွှာပူး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
သူမကတော့ South Africa မှာနေထိုင်သူတစ်ဦးဖြစ်

ပြီး ဆယ်မွှာပူးကလေးကို Pretoria က ဆေးရုံတစ်ခုမှာ ပြီးခဲ့တဲ့ Monday ညက မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

မွေးဖွားလာတဲ့ ကလေးလေးဆယ်ယောက်ကတော့ ၇ ယောက်က ယောကျာ်းလေးနဲ့ ၃ ယောက်က

မိန်းကလေးဖြစ်တယ်လို့ Sithole ရဲ့ ခင်ပွန်းဖြစ်သူက ပြောကြားထားပါတယ်။

Sithole တို့ ဇနီးမောင်နှံရဲ့ ဆယ်မွှာပူးကလေး မွေးဖွားလာမှုဟာ

ဆရာဝန်တွေအတွက်ပါ ထူးခြားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် Sithole ရဲ့ ကလေးဆယ်ယောက်လုံးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့တာဟာ

ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပြီး world record မှာပါ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Sithole ဟာ ဒီလိုဆယ်မွှာပူး ကိုယ်ဝန်ရဖို့အတွက်

သူမရဲ့ ခင်ပွန်းနဲ့အတူ သဘာဝနည်းလမ်းအတိုင်းပဲ ကိုယ်ဝန်ဆောင်ခဲ့တာ

ဖြစ်ပြီး အခြားဘာဆေးဝါးအကူအညီမှ မယူခဲ့ပါဘူး။
ကိုယ်ဝန်ရှိစကတော့ သူတို့ဇနီးမောင်နှံဟာ ပုံမှန်

ကလေးတစ်ယောက်ပဲလို့ ထင်ခဲ့ကြပေမယ့် အခုလို ဆယ်မွှာပူး ကလေးလေးတွေ

မွေးဖွားလာတဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။

တစ်ခါထဲနဲ့ ကလေးဆယ်ယောက်ရတာဆိုတော့ ဘယ်လောက်ကံထူးလိုက်ကြသလဲနော်

crd