Local News

တောင်သာမြို့နယ်က ကျေးရွာယာခင်းတစ်ခုမှာ နွားကောင်ရေ ၅၀ခန့် မိနစ်ပိုင်းအတွင်း ရုတ်တရက်လဲကျသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်က ဘု ရားလှကျေးရွာပိုင်

ယာခင်းတစ်ခုထဲသို့ ဇွန်လ (၂)ရက်နေ့ နံန က်ပိုင်းလောက်က

နွားကောင်ရေ ၆၀ ခန့်ဟာ ဝင်ရောက်စားခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ နွားကောင်ရေ

၄၇ ခန့်ဟာ လဲကျသေ ဆုံးသွားခဲ့ကြောင်း သတင်းများအရသိရပါတယ်။

ယင်းဖြစ်စဥ်မှာ တောင်သာမြို့နယ် ကဆင့်ကျေးရွာမှ ဦးဝင်းကြိုင်၊ ဦးမင်းအောင်  ဦးစိုးသန်း ဦးကျော်ရွှေ

မခိုင်နှင့်ပိုင်ပိုင် ၎င်းတို့ရဲ့ နွားများကိုကျောင်းနေစဥ် အနီးနားရှိ ဘုရားလှကျေး ရွာပိုင် ရိပ်သိမ်းပြီး

ပြောင်းငုတ် အရွက်နုငယ်များထွက်ရှိနေတဲ့ ယာခင်းတစ်ခုထဲသို့ နွားအုပ်စုက ဝင်ရောက်စားသောက်ခဲ့တာ

ကြောင့် ချက်ချင်းအဆိပ်သင့်လျက် လဲကျသေဆုံးခဲ့ပြီး ကျန်တဲ့နွားတွေကိုတော့ ဆေးကုသထားတယ်လို့ သိရပါတယ်။

လဲကျသေဆုံးသွားတဲ့ နွားတွေဟာ ဒေသခံတွေက အစာအဆိပ်သင့်တယ်လို့ ပြောဆိုနေပေမယ့်လည်း

မည်သည့်အကြောင်းကြောင့် သေဆုံးရကြောင်းကို အတည်မပြုနိုင်သေးဘူးလို့ ကြားသိရပါတယ်။

ကံဆင့်ကျေးရွာမှာ နွားကောင်ရေ ထောင်ဂဏန်းနီးပါးရှိပြီး မွေးမြူရေး စိုက်ပျိုးရေးနှင့်တိရိစ္ဆာန်များ အငှားကြောင်းခြင်းဖြင့်

အနီးနားကရွာနယ်မြေများသို့ အသက်မွေဝမ်းပြုနေတာဖြ စ်ပြီး အရင်ကလည်း

အလားတူဖြစ်စဥ်မျိုးတွေ့ကြုံဖူးတယ်လို့ သိရပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော

နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd Original Post