Local News

စစ်ကောင်စီရဲ့ ဂီတအစည်းအရုံးမှ နှုတ်ထွက်လိုက်တဲ့ အဆိုတော် မနောညီမင်းခိုင် နဲ့ ဝေကြီး

အဆိုတော် မနော ညီမင်းခိုင်နဲ့ ဝေကြီးတို့ စစ်ကောင်စီရဲ့ ဂီတအစည်းအရုံးမှနှုတ်ထွက်

အဆိုတော်မနောကတော့ လက်ရှိမှာအောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး

မြန်မာသံသီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

အဆိုတော်ညီမင်းခိုင်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေကို

ဆွတ်ခူးထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

မနော ဝေကြီး ညီမင်းခိုင်တို့ကတော့ ဇွန်လ၁ရက်နေ့ မြန်မာနိုင်ငံဂီတအစည်း

အရုံးယာယီအမှုဆောင်အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ယနေ့မှာတော့ မနော ဝေကြီး ညီမင်းခိုင်တို့၃ယောက်ဟာ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟို

ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြပါတယ်။

ညီမင်းခိုင်ကတော့ ယာယီအမှုဆောင်အဖွဲ့မှာ စည်းရုံးရေးမှူးအဖြစ်တာဝန် ခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ညီမင်းခိုင်ကတော့ အချိန်မျိုးမှာလက်ခံဖို့ခက်ခဲတဲ့အရာမို့လူကြီးမင်းများအားလုံးနားလည်

ပေးကြပါရန် လေးစားစွာဖြင့်နှုတ်ထွက်အပ်ပါသည် ဆိုပြီး နှုတ်ထွက်လိုက်တဲ့အကြောင်း

လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

အဆိုတော်မနောကတော့ အစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှာ

အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

မနောကတော့ အနုပညာပိုင်းမှာ ဝါသနာရှင်သာဖြစ်ပြီး ပညာရှင်မဟုတ်တဲ့အကြောင်း အသက် ၃၈ နှစ်

သာရှိသေးတာကြောင့် အားနည်းချက်တွေများစွာရှိပြီး ယာယီအမှုဆောင်အဖွဲ့ဝင်အဖြစ်နဲ့

မသင့်တော်တာကြောင့် ခွင့်လွတ်နားလည်ပေးစေလိုတဲ့အကြောင်း ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်ကြောင်း ရေးသားထားတဲ့

အဆိုတော်မနောရဲ့စာလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း အတည်ပြုဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)

ယာယီအလုပ်အမှုဆောင်အဖွဲ့မှာ ကျေးလက်အဆိုတော် မနော၊ လူငယ်ကြိုက်အဆိုတော်

ညီမင်းခိုင်နဲ့ နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်တို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

အဆိုတော် မနောကတော့ အဲဒီအဖွဲ့မှာ သူ့နာမည်ကို ထည့်သွင်းထားတာ ဒီနေ့မနက်မှ သိရပြီး

သိသိချင်းပဲ စာပို့ပြီး သူမလုပ်နိူင်ကြောင်မေတ္တာရပ်ခံ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဒီမနက်ကမှ သိရတာဖြစ်ပါတယ် ကျနော် သိသိချင်းပဲ မေတ္တာရပ်ခံစာ ပို့ထားပါတယ်လို့ မနောက သူ့ရဲ Facebook မှာ ရေးသားထားပါတယ်။

အလားတူ အဆိုတော် ညီမင်းခိုင်ကလည်း အဲဒီအဖွဲ့မှာ သူမလုပ်နိုင်လို့ နှုတ်ထွက်ပါတယ်လို့ ထုတ်ပြန်ပါတယ်။

ကိုယ့်ချစ်သူတောင် မစည်းရုံးနိုင်တာဗျာ၊ လူကြမင်းများအားလုံး နားလည်ပေးကြပါ။

လေးစားစွာဖြင့် နှုတ်ထွက်အပ်ပါသည်”လို့ ညီမင်းခိုင်က သူ့ Facebook မှာ ရေးသားထားပါတယ်။

နာမည်ကျော် တေးရေးတေးဆို ဝေကြီး (ခ) ငြိမ်းချမ်းသော်ကလည်း သူဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး

အလုပ်အမှုဆောင်အဖွဲ့ဝင် လုံးဝမဟုတ်ကြောင်း သူ့ရဲ့ Facebook ကနေ ရေးသားပြောဆိုပါတယ်။

စစ်ကောင်စီက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟိုယာယီမှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။

အဆိုပါ အဖွဲ့အစည်းရဲ့နာယကတွေအဖြစ် ဗိုလ်ကလေးတင့်အောင် အဆိုတော် တင်တင်မြ

ဟင်္သ ာတ မြင့်ငွေ တင်ဦးလေး၊ မြန်မာပြည် သိန်းတန်တို့က တာဝန်ယူထားပါတယ်။

အလုပ်အမှုဆောင်အဖွဲ့မှာ အဆိုတော် ကိုင်ဇာက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဦးကြည်မင်းသိန်း

အဆိုတော် S ကဲနက်တို့အပါအဝင် မြန်မာသံနဲ့ ခေတ်ပေါ်တေးရေး၊ တေးဂီတ တီးခတ်သူ

ပညာရှင်အချို့က အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။

မနော ညီမင်းခိုင် ဂီတအစည်းအရုံး နှုတ်ထွက် AyeyarwaddyTimes