Local News

ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့ရင် ရာထူးပြန်ပေးပြီး ဂုဏ်ပြုမယ်လို့ ကရင်ဝန်ကြီးချုပ်ကတိပေး

နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သူ့ကို ဆန္ဒပြနေတဲ့

အစိုးရဝန်ထမ်းတွေက သူတို့ အလုပ်က ဖယ်ရှားအရေးယူခံရရင် နောင်တချိန်

ဒီမိုကရေစီအစိုးရ အာဏာပြန်ရတဲ့အခါ အလုပ်ပြန်ရမှာလားလို့ မေးမြန်းနေကြကြောင်းနဲ့

ဒီအတွက် တခြား NLD ဗဟိုအလုပ်အမှုဆောင်တွေခေါင်း ဆောင်တွေနဲ့ သူဆွေးနွေးပြီး

သဘောတူညီချက် ရရှိထားပြီးပြီဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ဒီနေ့ ကျမတို့ ဘားအံက အစိုးရအထက်တန်းကျောင်းအုပ်ကြီး

ဒေါက်တာ ချိုယုမွန်ကိုလေ သူတို့က ငြိမ်းချမ်းစွာပဲ ဆန္ဒပြနေကြတာပဲ။

အဲဒီလို ဗမာပြည်တပြည်လုံးဝန်ထမ်း တွေ လုပ်နေတာပဲလေ အဲလို

လုပ်နေတာကို ၅ဝ၅ (ခ) နဲ့ ဖမ်းတယ် အာမခံမပေးဘူး။

ဒီ ဝန်ထမ်းတွေက အခုစိတ်ပူနေတာကလေ သူတို့ပြန်ပြီးတော့အလုပ် ဖယ်ရှားခံရခဲ့သည်ရှိသော်

ကျမတို့ အစိုးရပြန်ဖွဲ့နိုင်ရင် အလုပ် ပြန်ရနိုင်မလားဆိုပြီး။ ရတာပေါ့ အလုပ်ပြန်ရရုံတင်မကဘူး။

ကျမတို့ဝန်ထမ်းကောင်းတံဆိပ်တောင် ပေးဦးမှာ။ ကျမ ဒါကို အာမခံ ပြောရဲတယ်။

CEC တြွေဖစ်တဲ့ ဒေါက်တာမြင့်နိုင် တို့ ဦးညီပုတို့ သက် ဆိုင်ရာတွေ

ကျမလှမ်းမေးလိုက်အကုန်လုံးက ဒါကို သဘောတူကြတယ်။

တကယ်ဖြစ်လာရင် ကျမကတော့ အာမခံတယ်။ သူတို့တွေရာထူးပြန်ရဖို့။ဒါကြောင့် ဝန်ထမ်း တွေကို ပြောပါ။

သူတို့ သတ္တိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ကျမ ပြောချင်ပါတယ်။

ဒါ့အပြင် သူတို့ ဝန်ကြီးချုပ်တွေအပါအဝင် NL D ခေါင်း ဆောင်တွေကို အာဏာသိမ်းစစ်အစို းရက

ပုဒ် မမျိုးစုံနဲ့ တရားစွဲအပြစ်ပေးလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေတာနဲ့

ပတ်သက်လို့လည်း ဒါဟာ ဘာမှ မထူးဆန်းတဲ့ လုပ်ရပ်ပဲလို့ ဒေါ်နန်းခင်ထွေးမြင့် ကပြောပါတယ်။

သူတို့က ကြိုက်သလိုလုပ်နေတာပဲ ဥပဒေပုဒ်မတွေကို ကြိုက်သလို ဆောင်ရွက်နေတာပဲ။

ကျမတို့က ဒါကို အဆန်းကြီးလုပ်ပြီးပြောနေစရာ မလိုပါဘူး။

အဲဒါတွေကိုပဲ လူတွေက ကျမကို ခ ဏ ခဏ မေးနေကြတယ်။

အိုးကျမတို့ကတော့ ဒါတွေ ရိုးနေပြီးပဲဟာလို့ ဒီလိုဘဲ မဟုတ်က ဟုတ်က ပုဒ်မတွေနဲ့ ကျမတို့ကိုအမြဲစွပ်စွဲပြီး လုပ်နေကြတာ။

အေးပေါ့လေ အခုက လူတွေက ခေတ်ကာလနည်းနည်း ဝေးသွားတဲ့အခါကျတော့ ဒါတွေက အခုမှ အသစ်လိုပြန်ဖြစ်နေတာ။

အမှန် ဒါတွေက မဆန်းဘူး သူတို့အခုရော သူတို့ မဟုတ်က ဟုတ်ကတွေ လုပ်နေတာပဲဟာ။

လက်ရှိမှာအာဏာသိမ်းစစ်အစိုးရကနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တခြား NL D ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး

နေပြည်တော်ကို ပို့ဆောင်နေတာဟာ အဲဒီသူတွေအားလုံးကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ဖို့

ရည်ရွယ်ဟန်ရှိတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။
Crd