Local News

စားဝတ် နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု ၁၇၀ အတွက် အန္တရာယ်တွေကြားက စားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

 သရုပ်ဆောင် မင်းသား ဝေဠုကျော်က အလှူအတန်းတွေနဲ့ ဖေးမကူညီမှုတွေကို ဆက်တိုက်ပြုလုပ်

နေသလို စားဝတ်နေရေးခက်ခဲပြီးချို့တဲ့နေရှာတဲ့ ပြည်သူတွေအတွက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်

ဝေဠုကျော်ကတော့ ဒီကနေ့ မေ လ(၃၁)ရက်နေ့မှာ မှော်ဘီမြို့နယ်က စားဝတ်နေရေးခက်ခဲနေတဲ့

အိမ်ထောင်စု(၁၇၀) အတွက် စားသောက်ကုန်တွေ အိမ်တိုင်ရာရောက်

သွားရောက်လှူဒါန်းကာ ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်

အခုလို အခြေအနေတွေဆိုးရွားနေတဲ့ အန္တရာယ်တွေကြားကနေ မှော်ဘီမြို့နယ် အမှတ် ၄လမ်းမကြီး

ကကပြန် အုတ်ဝန်းအတွင်းရှိ အိမ်ထောင်စုတွေအတွက် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို

ဖောင်ဒေးရှင်းက အဖွဲ့သားတွေနဲ့အတူ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပါ

အုတ်ဖိုမိသားစုတွေအတွက် လှူဒါန်းဖြစ်တဲ့အကြောင်းတွေကိုလည်း ရေးသားပြောပြကာ အလှူပုံရိပ်တွေ

ကိုလည်း ဝေမျှထားသလို နောက်ထပ် ကြပ်တည်းနေကြတဲ့မိသားစုတွေအတွက်လည်း

ထပ်မံလှူဒါန်းကြဖို့ စေတနာရှင်တွေကို တိုက်တွန်းပြောပြထားပါသေးတယ်။

မှော်ဘီသို့အလှူ ဝေဠုကျော်ဖောင်ဒေးရှင်းမှ မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းမကြီး ကကပြန်

အုတ်ဝန်း အတွင်းရှိ အုတ်ဖုတ်မိသားစု ၁၇၀စု သို့  ဆန်၊ ကုလားပဲ၊ ငါးခြောက်

ကြက်သွန်နီ ငါးပြာရည် တို့ကို သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ပါတယ်။

အုတ်ဖုတ်မိသားစုတွေမှာ လုပ်ခဝင်ငွေနည်းပါးကြပြီး အစစအရာရာ လိုအပ်နေကြတဲ့

အနယ်နယ်အရပ်ရပ်က ခိုကပ်နေထိုင် အလုပ်လာလုပ်ကြတဲ့ သူများပါ။

အခုလိုအချိန် ဆောက်လုပ်ရေးတွေ အဆင်မပြေကြလို့ စားနပ်ရိက္ခာ

အလှူအတွက် အကူအညီတောင်းခံလာတာပါ။

နောက်ထပ် အလှူခံလာကြသည့် အဆင်မပြေ ကြပ်တည်းကြသည့် မိသားစုများအတွက် လည်း

စေတနာအလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ အလှူခံပါရစေ

ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay (U Soe Thei n

0945550001409776089484ဆိုပြီး ပြောပြထားတာပါ

အန္တရာယ်အခက်အခဲတွေကြားကနေ လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်

အစွမ်းကုန်ကူညီရင်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာမို့

ပရိသတ်တွေကလည်း သဘောကျအားပေးနေကြတာ ဖြစ်ပါတယ်

Crd