Local News

နောင်တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီ

မိတ်ကပ် မေဦး ဟန်လင်း Miss Golden Land Myanmar ရဲ့ CEO & Founder ကိုဝေယံအောင်

ကိုဟန်ဇော်လတ်နဲ့ Social Media Team အဖွဲ့ဝင် Alvin တို့ဟာ Gen Z Burma အဖွဲ့ဝင်များနဲ့အတူ

ထိုင်း မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေပြီး အခုဆိုရင် နောင်တမရှိတဲ့

ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီလို့ ဆိုပါတယ်။

ကျနော်တို့တွေ နောင် တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာခဲ့ကြတာ ဒီနေ့ဆိုရင် (၄) လ ပြည့်ပါပြီ။

ဘယ်လို အပြောင်းအလဲ အခက်အခဲ ဒုက္ခတွေနဲ့ပဲ ကြုံတွေ့ ရင်ဆိုင်နေရပါစေ။

ဘယ်တော့မှ မပြောင်းလဲမှာက ကျနော်တို့စိတ်ဓာတ်၊ ခံယူချက်နဲ့ ယုံကြည်ချက်တွေပါပဲ

ဒီအရာတွေနဲ့ပဲ ကျနော်တို့အားလုံး လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ

ပန်းတိုင်ဆီသို့ အားမာန် အပြည့်နဲ့ အရောက်သွားကြမှာပါဗျ။

အရေးတော်ပုံ မုချ အောင်ရမည်”လို့ ကိုဝေယံအောင်က ပြောပါတယ်။ အခက်အခဲကတော့ ရှိမှာပဲ။

ဒါပေမဲ့ ကျနော်တို့ရဲ့ ခံယူချက်တွေ မပြောင်းလဲရင် အောင်မြင်မှု ပန်းတိုင်က လက်တကမ်းမှာပါ။

အရေးတော်ပုံ မုချ အောင်ရမည်လို့လည်း Alvin က ပြောထားပါတယ်။

ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေး ရက် (၁၀၀) ပြည့်တုန်းကလည်း နေ့ရက်တိုင်းမှာ ဓမ္မဘက်က

ရပ်တည်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက် (၁၀၀) ကို ပြန်ကြည့်ရင် နေ့ရက်တိုင်းမှာ တွေဝေမှု ကင်းကင်းနဲ့ ဓမ္မဘက်က ခိုင်ခိုင်မာမာ

ရပ်တည်နိုင်ပြီး လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်။

တော်လှန်ရေး ရက် ၁၀၀ ပြည့်မှသည် ဖက်ဒရယ် အောင်ပွဲဆီသို့ အားမာန်အပြည့်နဲ့

ဆက်လက် ချီတက်ကြမယ်လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

Makeup Artist မေဦးကလည်း တော်လှန်ရေးနယ်မြေကို ရောက်ရှိနေပေမယ့်

အခုချိန်မှာ အမေ့အိမ်ကို လွမ်းသလို၊ ကိုယ်ချစ်တဲ့ အလုပ်ကို လွမ်းတယ်လို့ ဆိုပါတယ်။

အမေ့ကိုလည်း လွမ်းတယ်။ အိမ်ကိုလည်း လွမ်းတယ်။

ကိုယ်ချစ်တဲ့ အလုပ်ကိုလည်း လွမ်းအစားအသောက်တွေလည်း လွမ်းတယ်။

အရာရာ အားလုံးလည်း လွမ်းတယ် လို့ မေဦးက ပြောထားပါတယ်။

Gen Z Burma အဖွဲ့ဝင်များဖြစ်ကြတဲ့ မိတ်ကပ် မေဦး၊ ဟန်လင်း၊ Miss Golden Land Myanmar

Organization ရဲ့ CEO & Founder ကိုဝေယံအောင်၊ ကိုဟန်ဇော်လတ်နဲ့ Alvin တို့ဟာ စစ်အာဏာရှင်

ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။

crd