Local News

ခလေးတဖက်နဲ့ မြန်မာပြည်က စစ်ဘေးရှောင် ပြည်သူတွေအတွက် အီတလီနိုင်ငံမှာ အလှူခံပေးနေတဲ့ ချမ်းချမ်း

စစ်ဘေးရှောင်ပြည်သူတွေအတွက် အ၀တ်အစားတွေကိုယ်တိုင်အလှူခံပေးကာ လှူဒါန်းပေးနေတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့

သူတစ်​ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်း

တွေသာမကပဲ အဆွေးသီချင်းတွေကိုလည်း စိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင်

ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ။

အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့

စစ်ဘေးရှောင်ပြည်သူတွေ အ‌တွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါ၀င် ကူညီနေတာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကို Facebookစာမျက်နှာမှာ မနေ့က စစ်ဘေးရှောင်ပြည်သူတွေအတွက်

အဝတ်အစားတွေအတွက် အလှူခံပေးတာ2ရက်နေ့နောက်ဆုံးထားပို့ပေးလို့ရပါတယ်နော်။

တချို့လဲ ချက်ချင်းပို့ဖို့အဆင်မပြေကြသေးဘူးကြားလို့ပါဒီလိုအခြေအနေမှာ

ကူညီလှူဒါန်းလိုတဲ့အလှူရှင်တွေရဲ့ရက်ရောမှုကိုပဲကျေးဇူးတင်လှပါပီရှင်။

ကိုယ်တိုင်ခံစားနေရမှဒုက္ခလိူ့မမြင်စေချင်ပါဘူး ကိုယ်ချင်းစာစိတ်လေးတွေနဲ့

လှူတဲ့ အလှူမို့ထိရောက်စွာလှူဒါန်းပေးမှာပါ။အချိန်ကန့်သတ်တယ်ဆို တာကလဲ

အလှူရှင်တွေလှုလိုက်တဲ့ပစ္စည်းတွေကိုစ စ်ဘေးရှောင်စခန်းတွေ

ဆီပို့ပေးနိုင်ဖို့ အချိန်မီရောက် ဖို့လဲလိုတာမို့ အခုလို 2ရက်နေ့နောက်ဆုံးလို့ ပြောရတာပါ

ဒီတသုတ်မမီလိုက်တဲ့ အလှူရှင်တေလဲနောက် ထပ်တစ်ခါ။

ထပ်ပီးအလှူခံပိုစ့်တင်တဲ့အခါ အားတက် သရောပါဝင်ပေး ကြပါဦးလို့ပြ ည်သူ

အချင်းချကျေးဇူးပြုပြီး စိတ်ရှည်သည်းခံဆက်သွယ်လှူဒါန်းပေးကြပါနော်။

နယ်ဝေးမှအလှူရှင်များကိုလဲအချိန်ရစေချင်လိပါနိုင်ငံရပ်ခြားမှအလှူရှင်များကိုလဲ ကျေးဇူးအထူးတင်ပါ

တယ်ကျေးဇူးတင်ပါတယ်ရှင် ဆိုပြီးရေးသားကာ စစ်ဘေးရှောင်

ပြည်သူတွေအတွက် အ၀တ်အစားတွေအလှူခံပေးနေတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်

လှူဒါန်းပေးနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd