Local News

ဆိုင်ကယ်စစ်ဆေးဖို့ မရပ်ပေးလိုက်တဲ့အတွက် အနောက်ကနေ စစ်ကား ဖြင့်လိုက်တိုက်ခံရကာ ဆုံးပါးသွားခဲ့ရတဲ့ မော်ဒယ် ထက်အောင်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် မနေ့ည ၉ နာရီခွဲ ဝန်းကျင်တွင် ဆိုင်ကယ်တစ်စီးအား

စစ်ဆေးရန် မရပ်ပေးတာကြောင့် ကားဖြင့် လို က် တို က် ခဲ့တဲ့ ဖြစ် စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

တို က် ခံ လို က် ရတဲ့အရှိန်ကြောင့် ဆိုင်ကယ်တစ်စီးလုံး ရ စ ရာမရှိဘဲ

ထိုကောင်လေးမှာလည်း အခြေအနေမကောင်းရာကနေ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားသူမှာ Mister Global Teen Myanmar 2017 Winner နဲ့ Prince & Princess

International 2017 Winner ဆုတွေ ရရှိထားတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး

အသက် ၂၀ ကျော်အရွယ်ပဲ ရှိပါသေးတယ်။အခုလို အ ပြ စ်မဲ့တဲ့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ

​ေသဆုံးနေကြရတာကို ပြည်သူတွေ အားလုံးက ဝ မ်း န ည်း စိတ်မကော င်း ဖြစ်နေကြတာပါ

​ေသ ဆုံးသွားသော ကောင်လေးရဲ့ အသိမိတ်ဆွေတစ်ဦးမှလည်း

”R I P ပါကိုကြီးရေဘာပြောရမှန်ကိုမသိတော့ဘူး ရင်ထဲ ဆို့ နေ တယ် ကိုကြီးရယ် အခုချိန်ထိ

ကိုကြီးအဘွားနားမှာ သမီးတို့ရှိနေပေးတယ် ကိုကြီး ဘာမှ မဖြစ်ဘူးလို့ပြောလို့ ပျော်နေရှာတယ်

ကိုကြီးဆုံးတာသိရင် ဘယ် လိုတွေ လုပ်ကြမလဲ ကိုကြီးရယ် ကိုကြီးအမေဆို

ဘယ်လောက် ရ င် ကျို းနေမလဲ ရ က် စ က် လိုက်ကြတာဟာ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်တွင် ရေး သားထားတာ ဖြစ်ပါတယ်။

မကွယ်လွန်မီ နှစ်ရက်ခန့်က ကိုထက်အောင် ရဲ Facebook အကောင့်တွင် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ ဆိုပြီး

ဆုတောင်းထားပါသေးတယ်။ကွယ်လွန်သွားသူဟာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော

လူထုလှုပ် ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

မနှစ်ကလည်း သူ့ရဲ့ ညီအရင်းဟာ ဆိုင်ကယ် accident ဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်တာကြောင့်…

သားနှစ်ယောက်ကို ဆုံ း ရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူအတွ က် အားလုံးက စိတ်မကောင်း ဖြစ်နေကြတာပါ။

မမျှော်လင့်တဲ့ အခြေအနေတွေကြောင့် လောကကြီးကနေ ထွက်ခွာသွားခဲ့ရတဲ့ ကိုထက်အောင်

တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆု တောင်းပေးလိုက် ရပါတယ်
Crd