Local News

မြန်မာပြည်သူ တွေအတွက် လက်သုံးချောင်ထောင်ကာ အားပေးပြီး ရပ်တည်ပေးခဲ့တဲ့ တောင်ကိုရီးယား အနုပညာရှင်မျာ

လက်ရှိအခြေအနေတွေဆိုးရွားနေတဲ့ မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတော်တော်များများက

ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး စစ်ကောင်စီရဲ့အကြမ်း ဖက်လုပ်ရပ်တွေကို ရှုံ့ချကာ

ရပ်တန့်ပေးဖို့တိုက်တွန်းထားကြတာတွေ့ရသလို နိုင်ငံသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေက

လည်းအရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်

ပါဝင်အားဖြည့်နေကြတာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့

နာမည်ကျော်မင်းသားဖြစ်တဲ့ Lee Seung Gi တို့ကလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း

ပြသကာ အားပေးစကားတွေလည်း ပြောလာပါတယ်။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် SBS ရုပ်သံရဲ့ ပရိုဂရမ်

တစ်ခုမှာ မြန်မာနိုင်ငံသားဖြစ်တဲ့ ဆရာမချမ်းမြမြသော်ကို အဓိကထားပြီး ကမ္ဘာအရပ်ရပ် ပြင်သစ်၊ အီတလီ စ

တဲ့ နိုင်ငံခြားသားတွေ စုဝေးပြီး မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် Master in the house ဆိုတဲ့ အစီအစဉ်မှာ

မင်းသား Lee Seu ng Gi က အခြားအနုပညာရှင်တွေနဲ့အတူ MC အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

MC အနေနဲ့ the master in the house အဖွဲ့သားများက Lee Se ung Gi Cha Eun Woo Yang Sae Hyung

Kim Dong H yun ဦးဆောင်ကြပြီး ပါဝင်ဆွေးနွေးသူများအဖြစ် ကိုရီးယား နိုင်ငံမှာ နာမည်ကျော်

အနုပညာရှင်အနေနဲ့ ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Tylor

ပြင်သစ်လူမျိုး Robin အီတလီလူမျိုး Alberto အိန္ဒိယလူမျိုး Lucky

တရုတ်လူမျိုး Magukjinတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ရိုက်ကူးရေးအပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ မင်းသား Lee Seu ng  G i နဲ့ အခြားအနုပညာရှင်တွေ

အားလုံးက လက်သုံးချောင်းထောင်ကာ အားပေးရင်း မြန်မာပြည်သူနဲ့ရပ်တည်နေကြောင်းပြသလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီတစ်ရက်နေ့ကတည် းက ယနေ့အချိန်ထိ အဖြစ်အပျက် အခြေ အနေတွေကို ဆွေးနွေး တင်ဆက်ခဲ့တာဖြစ်ပြီး

ပရိုဂရမ် တာဝန်ရှိသူတွေက ဒါကို အဆင်ပြေသလို တည်းဖြတ်ကာ

၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MCများ အားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မ့ာအရေးကို အမှန်တကယ်

စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပါတယ်။

မင်းသား Lee Seu ng G i ဆိုရင် ကျွန်မကို ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူ

စဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ Idol Cha Eun Wooကလည်း

အစီအစဥ် ပြီးတဲ့အထိ ကျွန်မနဲ့ စကားပြောရင်း မြန်မာလို ကျွန် မ သင်ပေးလိုက်တဲ့ အားတင်းထား ဆိုတဲ့

စကားလေးကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ

Kim Dong Hyunကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအ ကြောင်း နားထောင်ပြီး

ကျွ န်မ ဘေးကနေ သက်ပြင်း အကြိမ်ကြိမ် ချနေခဲ့ပါတယ်။

အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေ ရှိတာ သိရပေမယ့်

ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့ မြန်မာ့အရေးကို သူ့

ကိုယ်ပိုင် snsမှာ တင်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ် ဆိုပြီးတော့လည်း

ဆရာမချမ်းမြမြသေ ာ်က ပြောပြထားပါသေးတယ်။ c r d