Knowledge

နေထီးဆောင်းခြင်းနှင့် ပက်သက်ပြီး ဖြစ်ပေါ်လာတတ်သည့် ရှေးအဆိုအမိန့်များ

နေထီးဆောင်းခြင် ဤအချင်းအရာမှာ

သက်တံတစ်မျိုးပင် ဖြစ်ပေသည်။

ဤသို့ ဖြစ်ခြင်းမှာ အလွန်မြင့်မားသော

ကောင်းကင်၌ ရေခဲပွင့် ကလေးများ ပါဝင်သော

အလွှာရှိနေစဉ် အလွန်သေးငယ်သော ရေလုံးမြူ

ပေါက်ကလေးများ ပါဝင်သည့် တိမ်လွှာများ

ခပ်နိမ့်နိမ့်နေရာ၌ ဆိုင်းလျက်ရှိစဉ် အဆိုပါ

ရေခဲပွင့်နှင့် ရေလုံးကလေးများကို နေနှင့်လတို့မှ

အလင်းတန်းများ ထွင်းဖောက်ရာမှ

အလင်းယိုင်ခြင်းကြောင့် ဖြစ်လေသည်။

နှင်းကျနေချိန်တွင် လမ်းဓာတ်မီးလုံးကို

ကြည့်လျှင်လည်း အလားတူ ထီးဆောင်းလျက်

ရှိပုံမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ရတတ်လေသည်။

နေအိမ်ဖွဲ့ခြင်း နေထီးဆောင်းခြင်းနှင့် ပါတ်သက်၍

ရှေးလူကြီးများက ဤသို့ဆိုမိန့်ခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် နေ အိမ်ဖွဲ့ပါက ပြည်ရွာ

မီးလောင်မှုပေါများ၏၊ မိုးခေါင် ရေရှားတတ်၏။

တနင်္လာနေ့ မင်းဘဏ္ဍာ တိုးပွား၏၊

ကောက်ပဲသီးနှံ အထွက်လျော့တတ်၏။

အင်္ဂါနေ့ လူသူ အသေအပျောက်များ၏။

လေမုန်တိုင်းဘေး ရောက်တတ်၏။

ဗုဒ္ဓဟူးနေ့ စစ်မက်ဘေးရန် များ၏၊

ရေကြီးတတ်၏။

ကြာသပတေးနေ့ မင်းကိုအမတ်တို့

လုပ်ကြံတတ်၏၊ တိုင်းပြည်ဘဏ္ဍာတိုးတတ်၏။

သောကြာနေ့ ရွှေငွေရတနာ ပေါများတတ်၏။

ပြည်ရွာ စည်ကားတတ်၏။

စနေနေ့ ရန်ဘေးကင်း၍ မိုးကောင်းတတ်၏။

ပြည်သူတွေ သောကပွားတတ်၏။

နေထွက်ချိန်တွင် နေ အိမ်ဖွဲ့ပါက မင်း၌ ရန်များ၏။

ထမီဝတ်တို့ ကိုယ်ကျင့်တရား ပျက်တတ်၏။

ငတ်မွတ်ခေါင်းပါး တတ်၏။ မွန်းတည့်ချိန်ဖွဲ့မူ

လောပါလနတ် စောင့်ရှောက်တတ်၏။

နေဝင်ချိန်တွင် နေ အိမ်ဖွဲ့ပါက စစ်သူကြီး၌

ရန်များတတ်၏။ ကျယ်ဝန်းလှစွာ ဖွဲ့လျှင်

ပြည်ရွာ ခြောက်ခြားတတ်၏။ ဟု

ရှေးဆိုရိုးစကား ရှိခဲ့ပါသည်။

နေထီးဆောင်းခြင် ဤအချင်းအရာမှာ သက်တံတစ်မျိုးပင် ဖြစ်ပေသည်။

ဤသို့ ဖြစ်ခြင်းမှာ အလွန်မြင့်မားသော ကောင်းကင်၌ ရေခဲပွင့် ကလေးများ ပါဝင်သော

အလွှာရှိနေစဉ် အလွန်သေးငယ်သော ရေလုံးမြူပေါက်ကလေးများ ပါဝင်သည့် တိမ်လွှာများ

ခပ်နိမ့်နိမ့်နေရာ၌ ဆိုင်းလျက်ရှိစဉ် အဆိုပါရေခဲပွင့်နှင့် ရေလုံးကလေးများကို နေနှင့်လတို့မှ

အလင်းတန်းများ ထွင်းဖောက်ရာမှ အလင်းယိုင်ခြင်းကြောင့် ဖြစ်လေသည်။

နှင်းကျနေချိန်တွင် လမ်းဓာတ်မီးလုံးကို ကြည့်လျှင်လည်း အလားတူ

ထီးဆောင်းလျက်ရှိပုံမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ရတတ်လေသည်။

နေအိမ်ဖွဲ့ခြင်း နေထီးဆောင်းခြင်းနှင့် ပါတ်သက်၍ ရှေးလူကြီးများက ဤသို့ဆိုမိန့်ခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် နေ အိမ်ဖွဲ့ပါက ပြည်ရွာ မီးလောင်မှုပေါများ၏။ မိုးခေါင် ရေရှားတတ်၏။

တနင်္လာနေ့ မင်းဘဏ္ဍာ တိုးပွား၏။ ကောက်ပဲသီးနှံ အထွက်လျော့တတ်၏။

အင်္ဂါနေ့ လူသူ အသေအပျောက်များ၏။ လေမုန်တိုင်းဘေး ရောက်တတ်၏။

ဗုဒ္ဓဟူးနေ့ စစ်မက်ဘေးရန် များ၏။ ရေကြီးတတ်၏။

ကြာသပတေးနေ့ မင်းကိုအမတ်တို့ လုပ်ကြံတတ်၏။ တိုင်းပြည်ဘဏ္ဍာတိုးတတ်၏။

သောကြာနေ့ ရွှေငွေရတနာ ပေါများတတ်၏။
ပြည်ရွာ စည်ကားတတ်၏။

စနေနေ့ ရန်ဘေးကင်း၍ မိုးကောင်းတတ်၏။
ပြည်သူတွေ သောကပွားတတ်၏။

နေထွက်ချိန်တွင် နေ အိမ်ဖွဲ့ပါက မင်း၌ ရန်များ၏။
ထမီဝတ်တို့ ကိုယ်ကျင့်တရား ပျက်တတ်၏။

ငတ်မွတ်ခေါင်းပါး တတ်၏။ မွန်းတည့်ချိန်ဖွဲ့မူ
လောပါလနတ် စောင့်ရှောက်တတ်၏။

နေဝင်ချိန်တွင် နေ အိမ်ဖွဲ့ပါက စစ်သူကြီး၌ ရန်များတတ်၏။

ကျယ်ဝန်းလှစွာ ဖွဲ့လျှင် ပြည်ရွာ ခြောက်ခြားတတ်၏။ ဟု ရှေးဆိုရိုးစကား ရှိခဲ့ပါသည်။

credit