Local News

သူ့ရဲ့ညီတစ်ဝမ်းကွဲရဲ့ဖုန်းကို ရဲနှစ်ယောက်မှသိမ်းသွားတာကြောင့် နားလည်သူများကို ကူညီပေးဖို့တောင်းဆိုလိုက်တဲ့ နေရွှေသွေးအောင်

ပရိသတ်ကြီးရေ ဒီကနေ့ ညနေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အချစ်ဆုံး မြေး နေရွှေသွေးအောင်ရဲ့

Instagram My Day မှာ အကူညီတောင်းခံစာတစ်ခုတင်ထားပါတယ်နော်။

သူ့ရဲ့ညီဝမ်းကွဲနှစ်ယောက် ကန်ဘောင်ရောက်နေတုန်းရဲနှစ်ယောက်ကစစ်ဆေး

မေးမြန်းရင်းဖုန်း Password တွေ တောင်းကာသိမ်းဆည်းသွားပါတယ်နော်။

ဒီဖုန်းနှစ်လုံးကိုလည်း ငွေငါးသိန်းဖြင့် လာရွေးဖို့လည်း မှာလိုက်ပါသေးတယ်တဲ့နော်။

ဒီကိစ္စကို တတ်သိနားလည်သူများ ကူညီပေးကြဖို့ အကူညီတောင်းခံထားတာ ဖြစ်ပါတယ်နော်။

ပြည်သူတွေကတော့ နေရွှေသွေးအောင်ရဲ့ post ကို ကြည့်ပြီး

အကြီးအကျယ်ကိုအံ့သြနေကြတာပဲဖြစ်ပါတယ်။

တကယ်ဆိုသူတို့လို အသိုင်းဝိုင်းက public တင်ပြီးအကူညီတောင်းစရာမလိုဘဲ

အချင်းချင်း ပြောလိုက်ရုံနဲ့ရ တဲ့အနေထားပဲ ဖြစ်ပါတယ်နော်။

နေရွှေသွေးအောင်ကိုယ်တိုင်က အခုလိုအကူအညီတောင်းခံတာဟာလူတွေကြားမှာ ပြောစရာဖြစ်နေပါတယ်။

သူတင်ထားတဲ့ပို့စ်ရဲ့ အရေးအသားအရတော့ နောက်ပြောင်ပြီးရေးထားသည်ဟုမထင်ကြောင်း

ဆိုရှယ်မီဒီယာ အသုံးပြုသူတ စ်ချို့ကဆိုပါတယ်နော်။

ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit CELELUCKY