Local News

အသက်(၅၃)နှစ်အရွယ်မှာပရိသတ်တွေကိုနှုတ်ဆက်သွားရမှာလို့ လူရွှင်တော်အုန်းသီးပြောကြား

အုန်းသီးဟာဘုရားမှာအမြဲတောင်းနေကြဆုဖြစ်တဲ့“သတ္တဝါတွေကို ကယ်ပြီးတော့မရှိ

သူဆင်းရဲတွေကိုပေးကမ်းတဲ့သူဖြစ်ရပါလို၏”ဆိုတဲ့ ဆုတောင်းကြောင့်

သတ္တဝါတွေရဲ့အသက်ကိုကယ်တင်နေတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေ ကိုရယ်မော စရာပြက် လုံးတွေအမြဲတမ်း ဖျော်ဖြေလေ့ရှိတဲ့ အုန်းသီးကတော့

အခုချိန်မှာလူတွေရဲ့အသက်ကိုကယ် တင်ပေးနေတယ်လို့ဆိုပါတယ်။

ဒါဟာဇာလီတောင် ဆရာတော်ကြီးရဲ့မေတ္တာ ကြောင့်အခုလိုကယ်ခွင့်ရေ နတာလို့လည်းသူက ပြောပါတယ်။

ဇာလီတောင်ဆိုတာရှိတ ယ်အဲဒီကဆရာတော် ဘုရားကြီးကလူတွေ အများကြီးကြားထဲမှာ

တစ်ယောက် တည်းကိုခေါ်ပြီးတော့ မင်းကိုဒီ နေ့ကစပြီးတော့ပျောက်စေ စေ တစ်လုံးပိုင်ပေးမယ်

ဆိုပြီးတော့ မိုးကြိုးသွား တွေနဲ့ကျောကုန်းကို ထုတယ်၊ပျောက်စေအော်စမ်းဆိုပြီးတော့ပေါ့။

ပြီးလည်းပြီးသွားရော ပရိတ်စိလေးတစ်ခု ပေးတယ်။မင်းသတ္တဝါ တွေကိုကယ်တော့ဆိုပြီး တော့

ဆရာတော်ကြီးရဲ့မေတ္တာတွေနဲ့သတ္တဝါတွေကိုလိုက်ကယ်ပါတယ်။

အခုချိန်ထိကိုယ် ကယ်လိုက်တဲ့သူ တွေဆီကပိုက်ဆံတစ်ပြားမှလည်း

မစားခဲ့ဖူးဘူးအဲဒီ သစ္စာနဲ့ အလုပ်လုပ်ပါတယ်”ပြောခဲ့ပါတယ်။

အုန်းသီးဟာအ ခုဆိုရင်သူ့ရဲ့ အနုပညာညီအစ်ကိုတွေသာမကရပ်ကွ က်မှာ အတူတူနေထိုင်တဲ့

ပတ်ဝ န်းကျင်လူတွေရဲ့အသက် ကို ပါကယ်ပေးခဲ့ဖူးတ ယ်လို့သိရပါတယ်။

ဒါ့အပြင်သူကိုယ်တိုင်ကလည်း အသက်(၅၃) အရွယ်မှာပရိသတ်တွေကိုနှုတ်ဆက် သွားရမှာလို့လည်းပြောခဲ့ပါသေးတယ်။

ဦးအုန်းသီးလူတော်တော်များများကိုကယ်ဖူးပါတယ်။ကိုယ်နေတဲ့ ရပ်ကွက်မှာရော

ဦးနဲ့ပတ်သက်တဲ့လူတော်တော်များများကိုရောကယ်ဖူးတယ်။

မှတ် မှတ်ရရ ဆေးရုံမှ ာအသက်ကယ်ဆေး(၂)လုံးထိုးထားတဲ့

အမေကြီးတစ်ယော က်ပေါ့အဲဒါကဦးရဲ့တပည့်အရင်းရဲ့အမေပါ။

မင်းအမေကို အိမ်ခေါ်သွား လို့ရတယ်လမ်းမှာသေသွားရင်ငါ့ကိုဓားနဲ့ခုတ်သတ်ဆိုပြီးပြောတာ။

ဒါပေမယ့် ငါပြောတဲ့ ယတြာအတိုင်းလုပ် ၊ငါပြောတဲ့လမ်းကြောင်းအတိုင်းသွားပြီ။

အဲဒီလိုနဲ့အခုဆိုရင်အဲဒီအမေကြီးက အသက်(၆၆)နှစ်ကနေ

အသက်(၆၉)နှစ်ရှိပြီ။ ဦးကယ်ထားတာအခုဆို(၃)နှစ်ရှိပြီ။

လွန်ခဲ့တဲ့၃နှစ် ကသူလုံးဝလ မ်းမလျှောက်နိုင်ဘူး အခုကျတော့လမ်း တောင်လျှော က်နေပြီ။

ဦးအုန်းသီးကိုယ်တိုင်ကလ ည်းဘုရားမှာဆုတ စ်ဆုပဲတောင်းတ ယ်သ တ္တဝါတွေ ကိုကယ်ပြီးတော့မရှိ

သူဆင်းရဲတွေကိုပေးကမ်းတဲ့သူဖြစ်ရပါလို၏လို့ဆုတောင်းတယ်။

အခုအသက်(၅၀)ထဲဝင်တော့မယ်ဘယ်အချိန်ကိုယ်တွေသွားရတော့မလဲမသိဘူးဒါပေမယ့်

ဦးမှန်းထားတယ်။အသက်(၅၃)နှစ်ရောက်ရင်ဦးအုန်းသီးသေလိမ့်မယ်။

ကိုယ့်ဘာသာကိုယ်တွက်ပြီးသားပါ။နေရာတကာတိုင်းလည်းမမှန်တတ်ဘူးကွာ လို့ဆက်လက်ပြောပြလာပါတယ်။

လက်ရှိမှာတော့လူရွှင်တော်အုန်းသီးဟာလူရွှင်တော်အသင်းရဲ့

ဒုဥက္ကဌရာထူးနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီးလူရွှင်တော်တွေအတွက်ဘိုးဘွားရိပ်သာဆောက်လုပ်ရေး လုပ်ငန်းတွေအပြနောက်ထပ်

ပရဟိတလုပ်ငန်းတွေမှာလည်း လူရွှင်တော်အသင်းအဖွဲ့သားတွေနဲ့အတူအလှူအတန်းတွေကို

တက်တက်ကြွကြွလုပ်ဆောင်နေတာတွေ့ရပါတယ်။လက်ရှိမှာတော့

သူ့ရဲ့အနုပညာသက်တမ်းဟာ(၁၀)စုနှစ်တစ်စုကိုကျော်လွန်လာခဲ့ပါပြီ။

Crd…M. M. H