Local News

နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေကို လမ်းပျောက်နေပြီလား လို့ မေးလာတဲ့သူတွေကို ထိထိမိမိ ပြန်လည်ချေပလိုက်တဲ့ ဟဲဗီးဖြိုး

ပရိတ်သတ်ကြီးရေ လက်ရှိအရေးအခင်းမှာ လူငယ်အများစုဟာ

လမ်းပေါ်ထွက်ပြီး အာဏာရှင်ကိုတော်လှန်နေ ကြတာပါ။

လူငယ်တွေဟာ အမြင်သစ်အတွေးသစ်တွေနဲ့ လူကြီးတွေမတွေးလိုက်နိုင်တဲ့

ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်ပြီး ကွက်ကျကျစီစဉ်တတ်ကြသူတွေပါ။

လေ့လာမှုအားကောင်းတာရယ် အသစ်အဆန်းတွေလေ့လာစရာပေါတဲ့ခေတ်ကြီးမှာ

ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကူညီပေးကြတဲ့ Gen X,Y,Z တို့ရဲ့အားအပြင် အာဏာရှင်ကို

ဆန့်ကျင်ကြတဲ့ CDM ဟာလည်း ဒီအရေးတော်ပုံမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုက ပါဝင်ခဲ့ပါတယ်

တိုးတက်ရမယ့် အနာဂတ်တွေအားလုံး မှောင်အတိကျသွားတာမျိုး ဘယ်သူမှလက်မခံနိုင်ကြပါဘူး။

အမှောင်ခေတ်ကို ကျော်ဖြတ်လာတဲ့သူတွေဟာ လင်းပြပြလေးမြင်နေရချိန်မှ

အမှောင်ထဲပြန်မရောက်ချင်ကြသူတွေချည်း ပါပဲ။

လက်ရှိအချိန်ထိ တော်လှန်ရေးတွေလုပ်နေကြတာဟာ ဒီအရေးတော်ပုံအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ပါ။

လူငယ်တွေကိုလမ်းပျောက်နေပြီလားဆိုတဲ့မေးခွန်းမေးကြသူတွေကို မင်းတို့ လူငယ်တွေ လမ်းပျောက်နေတာလား

ကျွန်တော်တို့ လူငယ်တွေ လမ်းဖောက်နေတာပါ ဆိုပြီး ဟဲဗီးဖြိုးက သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ပြောပြလာခဲ့ပါတယ်။

လူငယ်တိုင်းဟာ ခွန်အားအပြည့်နဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့အချိန်မှာ လူကြီးတွေဟာလည်း

လူငယ်တွေအတွက် ခွန်အားဖြစ်ပေးဖို့လိုအပ်ပါတယ်။

ရည်ရွယ်ချက်ပန်းတိုင်တွေ တူညီနေပြီဆိုပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို တော်လှန်နိုင်မှာအသေအချာပါပဲ။

crd : MM Load