Local News

လာမည့် မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်မှာ လ အပြည့်ကြတ်ပြီး အနီရောင်သန်းသွားတဲ့လကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်

လ ကြတ်ရခြင်း အကြောင်း လာမည့် ၂၀၂၁ ခု မေလ ၂၆ ရက်နေ့ညဦးပိုင်း လထွက်ချိန် မှာတော့

လဟာ ကြတ်လျှက်အနေအထားအတိုင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

နေကြတ်ခြင်း လကြတ်ခြင်း တို့ဟာ နေ ကမ္ဘာ နဲ့ လ တို့ တတန်းတည်း ကျရောက်ချိန်

တနည်း လပြည့် လကွယ် ချိန်များမှာ ဖြစ်ပေါ်ပါတယ်။

မေလ ၂၆ ရက်ဟာ နေ ကမ္ဘာ လ တို့ တတန်းတည်းကျရောက်မည့် ကဆုန်လပြည့် အခါသမယပဲ ဖြစ်ပါတယ်။

ပြက္ခဒိန်ရက် နဲ့ ၁ ရက်ကွာပါတယ် လ ဟာ ကမ္ဘာရဲ့

အနောက်ဘက်ကနေ ပုံမှာပြထားသလို ဖြတ်သန်းသွားတဲ့အခါ

ကမ္ဘာ့ရဲ့ အရိပ်စစ် Umbraရှိတဲ့နေရာကို ကျရောက်သွားတတ်ပါတယ်။

လ နဲ့ ကမ္ဘာဟာ ကိုယ်ပိုင်အလင်းရောင်မရှိပဲ နေမှလာတဲ့ အလင်းကြောင့်သာ ပုံရိပ်ပေါ်ခြင်း မြင်ရခြင်း ဖြစ်ပါတယ်။

နေ နဲ့ လ အကြားကို ကမ္ဘာရောက်ရှိ သွားတဲ့အခါ ကမ္ဘာ့လေထုကို

ဖြတ်သန်းလာတဲ့ နေအလင်းရောင်ဟာ လပေါ်သို့ ကျရောက်ပါတယ်။

အဲ့ဒီ့အလင်းရဲ့ အရောင်ကတော့ အနီရောင်ပဲ ဖြစ်ပါတယ်။

လရဲ့ မျက်နှာပြင်ပေါ်သို့ အနီရောင် အလင်းကျရောက်တဲ့အခါ လ ရဲ့အရောင်ဟာ အနီရောင်သန်းသွားပါတယ်။

အဲ့ဒါကြောင့် လအပြည့်ကြတ်ချိန်မှာ လကို အနီရောင်အဖြစ် မြင်တွေ့ရခြင်း ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်မှာ လအပြည့်ကြတ်မှာဖြစ်ပြီး အနီရောင်သန်းသွားတဲ့လကို

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများမှလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။

မိုးတိမ်ကင်းစင်ဖို့လည်း လိုပါမယ်။ ယခုတကြိမ် လကြတ်ပြီးလျှင် ကဆုန်လကွယ်နေ့

ဇွန်လ ၁၀ ရက် မှာ နေကြတ်ဦးမှာဖြစ်ပြီး မြန်မာနိုင်ငံမှတော့ မြင်ရမည်မဟုတ်ပါ။

လာမည့် မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်မှာ လ အပြည့်ကြတ်ပြီး

အနီရောင်သန်းသွားတဲ့လကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်။

လ ကြတ်ရခြင်း အကြောင်းလာမည့် ၂၀၂၁ ခု မေလ ၂၆ ရက်နေ့ညဦးပိုင်း လထွက်ချိန် မှာတော့

လဟာ ကြတ်လျှက်အနေအထားအတိုင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

နေကြတ်ခြင်း လကြတ်ခြင်း တို့ဟာ နေ ကမ္ဘာ နဲ့ လ တို့ တတန်းတည်း ကျရောက်ချိန်

တနည်း လပြည့် လကွယ် ချိန်များမှာ ဖြစ်ပေါ်ပါတယ်။

မေလ ၂၆ ရက်ဟာ နေ ကမ္ဘာ လ တို့ တတန်းတည်းကျရောက်မည့် ကဆုန်လပြည့် အခါသမယပဲ ဖြစ်ပါတယ်။

ပြက္ခဒိန်ရက် နဲ့ ၁ ရက်ကွာပါတယ်။ လ ဟာ ကမ္ဘာရဲ့ အနောက်ဘက်ကနေ ပုံမှာပြထားသလို ဖြတ်သန်းသွားတဲ့အခါ

Credit