Local News

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အန်ကယ်လေး လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့

အကယ်ဒမီမင်းသားကြီး လူမင်းကတော့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ

အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်

နွေသီးတော်လှန်ရေးရဲ့အရေးတော်ပုံကြီပြည်သူလူထုနဲ့အတူ အစွမ်းကုန်ကြိုးစားပါဝင်ခဲ့တဲ့

အန်ကယ်လေး ကတော့ ပြီးခဲ့တဲ့လပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာမို့ အနုပညာရှင်တွေ

အပြင် ပြည်သူပရိသတ်တွေအားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်

ဒီကနေ ့မှာမွေးနေ့ကျရောက်လာတဲ့ အန်ကယ်လေး ရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦး ရဲ့မွေးနေ့လေးကို

သတိတရနဲ့ဆုမွန်ကောင်းတောင်းပေး လာခဲ့တာတော့ ခိုင်သင်းကြည် ပဲဖြစ်ပါတယ်နော်..။

မခိုင်လေး ကအရမ်းချစ်ကြတဲ့ ခင်စံဦး တို့ မိသားစုတွေအမြန်ဆုံး

ပြန်လည်ဆုံဆည်းကြစေဖို့အတွက် ဆုတောင်းစကားဆိုလာပါတယ်

အကျဉ်းချအရေးယူခြင်းခံထားရပြီး ပူပင်သောကတွေနဲ့ ဝေးကွာနေရတဲ့ အန်ကယ်လေး တို့

မိသားစုလေး အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့ စိတ်မကောင်းစွာ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်

Happy Birthday ချစ်ရတဲ့ စံပယ်လေးပူပင်သောကတွေကင်းဝေးပြီး ချစ်ရတဲ့ အန်ကယ်လေး နဲ့အတူ

မိသားစုတွေအမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေနော် ” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်

မခိုင်လေး နဲ့အတူ ပြည်သူပရိသတ်တွေကလည်း အန်ကယ်လေး တစ်ယောက် ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး

ပြန်လည်လွတ်မြောက်ကာ မိသားစုတွေပြန်ဆုံကြစေဖို့ အသီးသီး ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်

Crd MM Load