Local News

ယာဥ်မတော်ဆမူကြောင့် ကားတစ်စီးလုံးနီးပါး ပျက်စီးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ မျောက်ရှုံး

လူရွှင်တော်ပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှတစ်ဆင့် အနုပညာလောကထဲသို့

စတင် ဝင်ရောက်လာသူက တော့ လူရွှင်တော် မျောက်ရှုံးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် ဟာသပြက်လုံးများဖြင့် မရိုးရအောင်

ဖျော်ဖြေတင်ဆက် ပေးနေသူလည်း ဖြစ်ပါတယ်။ သူကတော့ Five Star လူရွှင်တော်အဖွဲ့မှ

အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများမှာပါ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် သူ့ရဲ့ အိမ်ရှေ့တွင်

အညာချည်ထည် အင်္ကျီလေးတွေ ရောင်းချရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေး တတ်သူဖြစ်ပြီး

မကြာသေးခင် မိနစ်ပိုင်းလောက်က ကိုမျောက်ရှုံးရဲ့ လူမှုကွန်ယက်တွင် လမ်းသွားရင်း

ယာဉ်မတော်တဆ ဖြစ်ခဲ့တာကြောင့် ပျက်စီးသွားခဲ့ရတဲ့ ကားပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ကားကို ကရိန်းကားကြီးမှ မတော်တဆပွတ်ဆွဲသွားခဲ့တာဖြစ်ပြီး

ဘယ်သူ့အမှားကြောင့် ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သူကလည်း မျောက်ရဲ့အဖြစ်ဟာစိုးပါသည်  ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေများက

လူမထိခိုက်ဖို့သာ အရေးကြီးကြောင်း အားပေးစကားများ ပြောထားကြတာ ဖြစ်ပါတယ်။

ယဉ်မတော်ဖြစ်မှုကြောင့် ဘယ်လောက်ထိခိုက်ဆုံးရှုံးသွားတယ် ဆိုတာကိုတော့ ပြောကြားထားခြင်း မရှိသေးပါဘူး။

ဒီကာလဟာ လူတိုင်းခက်ခဲနေတာ ဖြစ်တာကြောင့်အခုလို ကားတစ်စီးလုံးနီးပါး

ပျက်စီးသွားခဲ့ရ တဲ့ ကိုမျောက်ရှုံးအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။

Unicode

Credit