Knowledge

နာမည်ကြီးနေတဲ့ မိုးယွန်းကြီးအင်း တော့ ရောက်ဖူးသင့်တယ်

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြို့မှ

၄၂မိုင်အကွာ ပျဉ်ပုံကြီးအလွန် ရန်ကုန် မန္တလေး

ကားလမ်းဟောင်းဘေးရှိ မိုးယွန်းကြီးအင်း

တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ညအိပ်ခရီးစဉ်

အဖြစ် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း

သိရသည်။ မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့

ကိုဗစ်၁၉ ရောဂါမတိုင်မီက ပြည်တွင်း ပြည်ပမှ

လာရောက်လေ့လာမှု များပြားခဲ့ပြီး

တစ်နှစ်လျှင် ခရီးသွား ၈၀၀၀၀ ခန့် လာရောက်

လည်ပတ် ခဲ့သော်လည်း

ကိုဗစ်၁၉ ရောဂါဖြစ်ပွားပြီး နောက်ပိုင်း

သွားရောက်လည်ပတ်ခွင့်ကို ပိတ်ထားခဲ့ ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် လကစ၍ ကိုဗစ်၁၉ ရောဂါ

ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းနှင့်အညီ

လာရောက်လေ့လာ အပန်းဖြေ သူများ

ပြန်လည်ရှိခဲ့ပြီး ခရီးသွား ၂၈၀၀ ခန့်

လာရောက် လည်ပတ်ခဲ့ကြကြောင်း ယခုအခါ

ညအိပ်အပန်းဖြေ အနားယူနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ဧပြီလမှစ၍ မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင်

ဌာနေရေပျော်ငှက်များ ဖြစ်သော မယ်ညို

ငှက်စလူးရေဘဲ ဗျိုင်း အော်ရော်ငှက်အပါအ၀င်

ရေပျော်ငှက် များ အများဆုံးတွေ့ရှိရပြီး

တစ်နှစ်ပတ် လုံးကျက်စားနေထိုင်လျက်

ရေ၀ပ်ဧရိယာ ဖြစ်သောကြောင့် သစ်ပင်ကြီးများ

မရှိဘဲ မြက်တော ဒိုက်တောနှင့်မျိုးစုံ

ပေါက်ရောက် လျက်ရှိကြောင်းလည်း သိရသည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောဧရိ ယာမှာ ဧက

၁၅၆၀၀ စတုရန်းမိုင် ၄၀ ကျယ်၀န်းသည့်အနက်

ဧက ၃၆၀ ကို ရွှေပြည်အေးကုမ္ပဏီ အနေဖြင့်

သစ်တော ဦးစီးဌာနမှ နှစ်ရှည်ငှားရမ်း၍

အပန်းဖြေ စခန်း ကြာမျိုးစုံနှင့် ရေပျော်ငှက်တို့ကို

ကြည့်ရှုရန် စက်လှေဖြင့် ၀န်ဆောင်မှု ပေးခြင်းတို့

ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် ဌာနေ

ရေပျော် ငှက် ၁၁ မျိုးခန့်နှင့် ဆောင်း ခိုငှက်မျိုးစိတ်

၄၀ ကျော် ကျက်စားသော ကြောင့် ရေ၀ပ်ဒေသ

ဘေးမဲ့တော၌ ငှက် မျိုးစိတ်ပေါင်း ၁၇၂ မျိုးကို

မှတ်တမ်း တင်ထားပြီး ယခု မေလ မှစ၍

ဆောင်းခို ငှက်များနေရပ်ဒေသသို့ ပြန်ချိန်တွင်

ဌာနေရေပျော်ငှက် မျိုးစိတ်တို့နေထိုင် ကျက်စား

လျက်ရှိကြောင်း ၀င်ကြေးအဖြစ် တစ်ဦးလျှင်

၀င်ကြေးငွေ ၁၀၀၀ ကျပ် သတ်မှတ် ထားကြောင်းသိရသည်။

ထိုဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များ

အောက်တိုဘာလမှ မတ်လအထိ နှစ်စဉ်

လာရောက် ဆောင်းခိုလေ့ရှိပြီး ကမ္ဘာ့မြောက်ခြမ်း၌

ရေအေးခဲချိန် နေ့ တာတို၍ ညတာရှည်ချိန်

အစာရေစာ ရှားပါးမှုကြောင့် မြန်မာနိုင်ငံရှိ ရေ၀ပ်

ဒေသ သို့လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း

တစ်ခါတစ်ရံ ဧပြီလအထိ ဆောင်းခိုငှက်များ

မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင် နေထိုင်လေ့ရှိပြီး

ယခုဆောင်းခိုရာသီတွင် ဆောင်းခိုငှက်သစ်တစ်

မျိုးဖြစ်သော Shear water ငှက်အသစ်

ရောက်ရှိလာသောကြောင့် မှတ်တမ်း၀င်စာရင်း

ပြုစုထား ကြောင်းလည်း သိရသည်။

#credit