Local News

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး၏ ညီမဖြစ်သူ CDM လုပ်ဆောင်မှုကြောင့် တာဝန်မှ ရပ်ဆိုင်းခံရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဥက္ကဌ ဦးသန်းဌေး၏ ညီမ အရင်းဖြစ်သူ

ဆရာမ ဒေါ်အမာကြူကို CDMလုပ်ဆောင်မှု

ကြောင့် စစ်ကောင်စီလက်အောက်ရှိ

ပညာရေးဝန်ကြီးဌာနက တာဝန်မှ ယာယီ

ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့ အမှတ် ၁ အခြေခံပညာ

အထက်တန်းကျောင်းမှ အထက်တန်းပြ

ကျောင်းဆရာမ ဒေါ်အမာကြူမှာ ဖေဖော်ဝါရီ

၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း

အကြမ်းမဖက် လူထုအာဏာဖီဆန်ရေး

CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး

အလုပ်ပြန်ဝင်ရန် ပညာရေးဌာနက

အကြောင်းကြားသော်လည်း

ကျောင်းပြန်တက်ခြင်း မပြုဘဲ

CDMဆက်လက် ပြုလုပ်သည့်အတွက် ရာထူးမှ

ယာယီ ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အထက်တန်းပြ ဆရာမ ဒေါ်အမာကြူသည်

လုံလောက်သော အကြောင်းပြချက်မရှိပဲ

တာဝန်ချိန် ပျက်ကွက်ဟုဆိုကာ နိုင်ငံဝန်ထမ်း

နည်းဥပဒေများ နည်းဥပဒေ ၁၆၁ နည်းဥပဒေခွဲ

နည်းဥပဒေခွဲ ဃ နည်းဥပ​ဒေ ၁၇၀ နည်းဥပဒေ

က အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း

ပညာရေးဌာန၏ ထုတ်ပြန်ချက်တွင်

ဖော်ပြထားသည်။ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ

ဦးသန်းဌေးတို့ မိသားစုမှာ မြန်အောင်မြို့နယ်

မကျီးကွင်း ကျေးရွာ ဇာတိများဖြစ်ပြီး

ဦးသန်းဌေးမှာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင်

မြန်အောင်မြို့နယ်

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိကာ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်

တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Unicode

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၏ ညီမ အရင်းဖြစ်သူ

ဆရာမ ဒေါ်အမာကြူကို CDMလုပ်ဆောင်မှု

ကြောင့် စစ်ကောင်စီလက်အောက်ရှိ

ပညာရေးဝန်ကြီးဌာနက တာဝန်မှ ယာယီ

ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့ အမှတ် ၁ အခြေခံပညာ

အထက်တန်းကျောင်းမှ အထက်တန်းပြ

ကျောင်းဆရာမ ဒေါ်အမာကြူမှာ ဖေဖော်ဝါရီ

၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း

အကြမ်းမဖက် လူထုအာဏာဖီဆန်ရေး

CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး

အလုပ်ပြန်ဝင်ရန် ပညာရေးဌာနက

အကြောင်းကြားသော်လည်း

ကျောင်းပြန်တက်ခြင်း မပြုဘဲ

CDMဆက်လက်ပြုလုပ်သည့်အတွက် ရာထူးမှ

ယာယီ ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အထက်တန်းပြ ဆရာမ ဒေါ်အမာကြူသည်

လုံလောက်သော အကြောင်းပြချက်မရှိပဲ

တာဝန်ချိန် ပျက်ကွက်ဟုဆိုကာ နိုင်ငံဝန်ထမ်း

နည်းဥပဒေများ နည်းဥပဒေ ၁၆၁ နည်းဥပဒေခွဲ

နည်းဥပဒေခွဲ ဃ နည်းဥပ​ဒေ ၁၇၀ နည်းဥပဒေ

က အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း

ပညာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးတို့ မိသားစုမှာ

မြန်အောင်မြို့နယ် မကျီးကွင်း ကျေးရွာ

ဇာတိများဖြစ်ပြီး ဦးသန်းဌေးမှာလည်း ၂ဝ၁ဝ

ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိကာ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်

တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Credit