Local News

နာမည်ကြီး ကိုရီးယားပရိုဂရမ် မှာ ပါဝင်တင်ဆက်ခွင့်ရခဲ့တဲ့ ချမ်းမြမြသော်

Master in the house ဂျိဘ်ဆာဘူအီးလ်ချယ် ဆိုတဲ့ ကိုရီးယားပရိုဂရမ် မှာ

နာမည်ကျော်တွေ နဲ့ အတူ ပါဝင် တင်ဆက်ခွင့် ရရှိခဲ့တဲ့ ချမ်းမြမြသော်

KBS ရုပ်သံက သတင်းအစီအစဥ်ကနေ မြန်မာပြည်အကြောင်းကို လစဥ် ဆွေးနွေးလာခဲ့တဲ့

ဆရာမ ချမ်းမြမြသော် ဟာ ပထမဦးဆုံး အကြိမ် SBS ရုပ်သံရဲ့ ပရိုဂရမ် တစ်ခုကနေ

မြန်မာအကြောင်း ဆွေးနွေးဖို့ ကမ်းလှမ်းလာတာမို့ ကျွန်မတို့ အတူတူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ကျွန်မကို အခု ဆက်သွယ်လာတဲ့ ပရိုဂရမ်ကတော့ 집사부일체 Master in the house ဂျိဘ်ဆာဘူအီးလ်ချယ် ဆိုတဲ့

ပရိုဂရမ် ဖြစ်ပြီး ကိုရီးယား ပြည်တွင်းမှာ အရမ်း လူကြည့်များတဲ့ နာမည်ကျော် ပရိုဂရမ် ဖြစ်ပါတယ်။

အဆိုတော်မင်းသား အီဆွန်းဂီ 이승기 Lee Seung Gi)၊ Kpop Idol ချာအွန်းအူ(차은우 Cha Eun Wooစတဲ့

နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တင်ဆက်တဲ့ ပရိုဂရမ် ဖြစ်ပါတယ်။

 

အခု ဒီပရိုဂရမ်က​နေ ခါတိုင်း တင်ဆက်နေကျ ပုံစံ မဟုတ်ဘဲ မြန်မာ့အရေးကို ​အထူး တင်ဆက်မှာ ဖြစ်ပါတယ်။

လာမယ့် ၁၇ရက်နေ့ တနင်္လာနေ့ မှာ ရိုက်ကူးမှာ ဖြစ်ပြီး မြန်မာနိုင်ငံသား ကျွန်မကို အဓိကထားပြီး

ကမ္ဘာအရပ်ရပ် ပြင်သစ် အီတလီ စတဲ့ နိုင်ငံခြားသားတွေ စုဝေးပြီး

မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် အစီအစဥ် ဖြစ်ပါတယ်။

ဒါဟာ ကျွန်မတို့အတွက် အရမ်း အကျိုးရှိမယ့် အခွင့်အရေး ဖြစ်ပါတယ် လို့

ချမ်းမြမြသော် က သူ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

SBS ရုပ်သံဟာ Running Manလို ကမ္ဘာကျော် ပရိုဂရမ်တွေ အများကြီးကို

ထုတ်လွှင့်နေတဲ့ ကိုရီးယားရဲ့ Top ရုပ်သံ တစ်ခု ဖြစ်ပါတယ်။

Credit