Local News

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ရင် ဇနီးသည်အတွက် သေတမ်းစာရေးခဲ့တဲ့ ကျော်ထူး

ပရိသတ်ကြီးရေ အနုပညာလောကမှာ

ဟာသ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို

အမြဲရယ်မော ပျော်ရွှင်စေခဲ့တဲ့ ဟာသ လူရွှင်တော်

ဇာတ်ပို့ သရုပ်ဆောင် ဦးကျော်ထူးကတော့

လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ

ရပ်တည် နေသူပဲ ဖြစ်ပါတယ်။

လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ

လုပ်ဆောင်နေ တဲ့ ဦးကျော်ထူးကတော့

ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေ

အားလုံးနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ

အားဖြည့် ပါဝင် နေတာလည်း ဖြစ်ပါတယ်။

ဦးကျော်ထူးကတော့ ပြည်သူတွေ နဲ့အတူ

လမ်းပေါ် ထွက် လူထုလှုပ်ရှားမှုတွေကို

ပြုလုပ်နေပြီး ပြေးလွှား ရှောင်ပုန်းရင်း

အခွင့်မသာလို့ ကွယ်လွန် ကျဆုံးသွားရင် ဆိုပြီး

သေတမ်းစာအဖြစ် ဇနီး ဖြစ်သူဆီ

စာရေးသားထားတာ တွေ့ရပါတယ်။

တော်လှန်ရေး တိုက်ပွဲကြီးမှာ အခန့်မသင့်လို့

ကျဆုံးသွားရင် ပရိသတ်တွေကို အမြဲပြုံးရယ်စေခဲ့

တဲ့ သူ့ဘဝ ခရီးရဲ့ အစဖြစ်တဲ့ လူရွှင်တော်

တောင်ရှည်ဝတ်စုံကို မျိုးဆက်သစ် လူငယ်တွေဆီ

လက်ဆင့်ကမ်းဖို့ မှာတမ်းခြွေ စာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

အကယ်၍များပေါ့ နွေဦးတော်လှန် ရေးမှာ

အခွင့်မသာလို့ ပြေးလွှား ပုန်းအောင်းရင်းနဲ့

ကွယ်လွန် ကျဆုံးသွားရင် ပရိတ်သတ်ကို

ပျော်ရွှင်စေခဲ့တဲ့ ကျနော် ဘဝ ခရီးအစ

တောင်ရှည် ကဆိုသလို လူရွှင်တော်

တောင်ရှည်ဝတ်စုံလေး ကို မျိုးဆက်သစ်

လူငယ်လေး တွေကို လက်ဆင့် ကမ်းလိုက်ပါ

အိမ်သူသက်ထား ထူးသခင်ရေ ဆိုပြီး

ဇနီးဖြစ်သူကို စာရေးပြောထားတာပါ။

ဦးကျော်ထူးရဲ့ ပို့စ်ရဲ့ အောက်မှာတော့

ပရိသတ်တွေ အပြင် အနုပညာရှင်တွေကလည်း

အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။

Unicode

ပရိသတ်ကြီးရေ အနုပညာလောကမှာ ဟာသ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို

အမြဲရယ်မော ပျော်ရွှင်စေခဲ့တဲ့ ဟာသ လူရွှင်တော် ဇာတ်ပို့ သရုပ်ဆောင် ဦးကျော်ထူးကတော့

လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်။

လူထု လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေ တဲ့ ဦးကျော်ထူးကတော့

ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေ အားလုံးနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ

အားဖြည့် ပါဝင် နေတာလည်း ဖြစ်ပါတယ်။          ဦးကျော်ထူးကတော့ ပြည်သူတွေ နဲ့အတူ

လမ်းပေါ် ထွက် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီး ပြေးလွှား ရှောင်ပုန်းရင်း

အခွင့်မသာလို့ ကွယ်လွန် ကျဆုံးသွားရင် ဆိုပြီး သေတမ်းစာအဖြစ် ဇနီး ဖြစ်သူဆီ စာရေးသားထားတာ တွေ့ရပါတယ်။

တော်လှန်ရေး တိုက်ပွဲကြီးမှာ အခန့်မသင့်လို့ ကျဆုံးသွားရင် ပရိသတ်တွေကို အမြဲ ပြုံးရယ်စေခဲ့တဲ့

သူ့ဘဝ ခရီးရဲ့ အစဖြစ်တဲ့ လူရွှင်တော် တောင်ရှည်ဝတ်စုံကို မျိုးဆက်သစ် လူငယ်တွေဆီ

လက်ဆင့်ကမ်းဖို့ မှာတမ်းခြွေ စာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

အကယ်၍များပေါ့ နွေဦးတော်လှန် ရေးမှာ အခွင့်မသာလို့ ပြေးလွှား ပုန်းအောင်းရင်းနဲ့

ကွယ်လွန် ကျဆုံးသွားရင် ပရိတ်သတ်ကို ပျော်ရွှင်စေခဲ့တဲ့ ကျနော် ဘဝ ခရီးအစ

တောင်ရှည် ကဆိုသလို လူရွှင်တော် တောင်ရှည်ဝတ်စုံလေး ကို

မျိုးဆက်သစ် လူငယ်လေး တွေကို လက်ဆင့် ကမ်းလိုက်ပါ

အိမ်သူသက်ထား ထူးသခင်ရေ ဆိုပြီး ဇနီးဖြစ်သူကို စာရေးပြောထားတာပါ။

ဦးကျော်ထူးရဲ့ ပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေ အပြင် အနုပညာရှင်တွေကလည်း

အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။

Credit