Local News

အိမ်တွင်း သိန်း ၂၀၀ ထက်ပိုမထားရ ကိစ္စ ဗဟိုဘဏ် ဒုဥက္ကဌ ရဲ့ ရှင်းပြချက်

အိမ်တွင် သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ

နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ်          ဒုဥက္ကဌ ပြော

အိမ်တွင် သိန်း၂၀ဝ ထက်အပိုထားပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဆိုသည့် သတင်းသည်

နားလည်မှု လွှဲမှားခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က မေလ ၁၁ ရက် ညနေပိုင်းတွင် ပြောသည်။

အိမ်တွင် သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခြင်းခံရမည်ဆိုသည့် သတင်းများသည်

ယနေ့ မေလ ၁၁ ရက် နံနက်ပိုင်းမှ စတင်၍ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းသတင်းမှာ

ပြည်သူများ နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ဦးဝင်းသော်က အတည်ပြု့ပြောကြားခဲ့သည်။

ကျွန်တော် ပြောတဲ့အထဲမှာ အဲ့ဒီငွေပမာဏ ထက်ကျော်ရင် အရေးယူမယ်ဆိုတာ တစ်ခွန်းမှ မပါဘူး။

ကျွန်တော် ပြောတာသည် ငွေကြေးအလုံးအရင်းနဲ့ ဘဏ်ကိုမအပ်ပဲနဲ့ အိမ်မှာ ပမာဏ အများကြီးထားတယ်။

ထားပြီးတော့ Account Transfer လုပ်တာကို ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း တွေယူပြီး ငွေကြေးကို အရောင်းအဝယ် လုပ်နေတယ်။

ဒီငွေကြေး အရောင်းအဝယ်လုပ်တဲ့အမှုက တစ်မှုဖြစ်ပြီးတော့ Banking System ထဲမှာ

သွားရမယ့်ဟာကို Banking System နဲ့ မသွားပဲနဲ့ အမြတ်ထုတ်နေတဲ့ သဘောသည်

နိုင်ငံတော် စီးပွားရေးတည်ငြိမ်မှုကို ပံ့ပိုးနေတဲ့ Banking System ကို ကြောခိုင်းတဲ့အတွက် အရေးယူမယ် ဆိုရတယ်။

ငွေကြေးကို ရာခိုင်နှုန်းနဲ့ ယူပြီးလုပ်တဲ့သူတွေကို အရေးယူမယ်။ အဲ့လိုပဲပြောလိုက်တာ။

ကျွန်တော်ပြောတဲ့ ဟာသည် နိုင်ငံတော်စီးပွားရေးအတွက် အနှောင့်အယှက်ဖြစ်အောင် ဝိုင်းလုပ်နေတဲ့

အတွက် Banking System မှာ ဘာပဲပြောပြော အနှောင့်အယှက် ဖြစ်နေတာပေါ့နော်။

အဲ့ဒီအနှောင့်အယှက်သည် ဘယ်သူ့ကိုသွား ခံစားရလဲဆိုတော့ ပြည်သူလူထူကိုသွားခံစားရတယ်။

ပြည်သူလူထုက တန်းတွေစီရ ဒုက္ခရောက်ရဖြစ်နေတာသည် ဘဏ်စနစ်က ပုံမှန်ငွေကြေးလည်ပတ်မှု မဖြစ်လို့ပဲ။

အဲ့တာကို လည်ပတ်စေချင်လို့ ဘဏ်စနစ်ထဲပြန်လာပြီး ဆောင်ရွက်ပါလို့ ဖိတ်ခေါ်တာပါ။

မရိုးသားတဲ့လူတွေကို အရေးယူမှာလို့ ပြောတာဖြစ်ပါတယ် ဟု ဦးဝင်းသော်ကပြောသည်။

အိမ်တွင် ငွေအထုပ်လိုက် အထည်လိုက်ထားသူသည် နိုင်ငံတော်စီးပွါးရေးတည်ငြိမ်မှုကို

ပျက်စီးအောင်လုပ်သည့် အမှုနှင့်ငြှိသည်ဟု ပြည်သူများက နားလည်မှု လွဲမှားကာ

စိုးရိမ်ပူပန်မှုများ ရှိခဲ့သည့်အတွက် ဗဟိုဘဏ်        ဒုဥက္ကဌက ယခုကဲ့သို့ပြန်လည်ရှင်းပြခဲ့ခြင်းလည်းဖြစ်သည်။

Unicode

အိမ်တွင် သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော

Credit