Knowledge

ငွေအသုံးလို၍ KBZ Bank မှ ငွေထုတ် လိုသူများအတွက် KBZ Bank ဝန်ထမ်းမပိုးသဉ္ဇာရဲ့ရှင်းလင်းချက်

ATM တွေကို တတ်နိုင်သမျှ ငွေဖြည့်ပေးနေပါတယ်

စက်တိုင်းက ကိုင်တဲ့ဘဏ်ခွဲ မတူတဲ့အတွက်

ဘယ်စက်မှာ ငွေရှိမယ်ဆိုတာတော့ အတိအကျ မပြောနိုင်ပါ။

ATM မှာ ငွေလက်ကျန် နည်းနေပီဆိုတာနဲ့ တာဝန်ခံတွေက တန်းသိတာမို့ မပူပါနဲ့ ထပ်ဖြည့်ပါလိမ့်မယ်။

ATM Card နဲ့ တနေ့ကို 10သိန်း တခါထုတ် ၃သိန်း  ထုတ်လို့ ရပါတယ်။

Card to card transfer 15သိန်းရပါတယ်
အဲ့တော့ ငွေများများထုတ်ချင်သူတွေ

ကိုယ့်ကဒ်ထဲက ၁၀သိန်းထုတ်ပီး ၁၀သိန်းကိုသူများကဒ်ထဲလွှဲပီး တဆင့်ထုတ်လို့ရပါတယ်။

Card to card transfer လုပ်မယ်ဆိုရင် စက်ထဲမှာ စာရင်းရွှေ့ပြောင်းခြင်းကိုနှိပ်

AccNo 17လုံး ရိုက်ထည့်ပီး နာမည်ပေါ် လာတာနဲ့ တခါလွှဲ ၃သိန်းချင်းကို ၁၅သိန်းလွှဲလို့ရပါတယ်။

၁၅သိန်းလွှဲလိုက်လည်း ၁၀သိန်းပဲထုတ်လို့ရပါမယ် အဲ့တော့ ၁၀သိန်းပဲလွှဲပီး

ကျန် ၅သိန်းကို နောက်တကဒ်ထပ်လွှဲပါ
နည်းနည်းတော့ အလုပ်ရှုပ်မှာပေါ့နော်၊

အဲ့လိုမှ မဟုတ်ရင် mobile banking ကနေ transfer လို့ရပါတယ်။

Charges တွေကို ဘေး limits & fees ထဲမှာကြည့်ပေးပါ mobile banking မရှိသေးတဲ့သူတွေ

အခုချိန်မှ ထဖွင့်ချင်ရင် ဖွင့်လို့ရပါတယ်
ATM card or Bank AccNo နဲ့ မှတ်ပုံတင်မူရင်းရှိရင်ရပါတယ်။

KBZ Mobile banking app ကို down ပီး register now ကနေ တဆင့်ချင်းဖွင့်သွားနိုင်ပါတယ်။

ပုံမှန်ဆို စာရင်းသွင်းပီးတာနဲ့ working days 3days ဆိုရင် ကိုယ်စာရင်းသွင်းခဲ့တဲ့

ဖုန်းနံပါတ်ထဲကို user name နဲ့ password ကျပေးပါမယ်။

Mobile banking register လုပ်တဲ့အချိန်မှာ bank acc or ATM card ဖွင့်ခဲ့တုန်းက

ဖုန်းနံပါတ်နဲ့ မတူလည်းရပါတယ် တူရင်အကောင်းဆုံးပါ။

KBZ Pay တနေ့ကို အများဆုံး ၁၀သိန်းထိ ထုတ်နိုင်ပါတယ်။

အဲ့ထက် ပိုထုတ်ချင်ရင်တော့ တခြား Kpay ကိုလွှဲပီးလည်း ATM card နည်းတူထုတ်နိုင်ပါတယ်။

တလကို ၉သိန်းထိ free ထုတ်ခွင့်ပေးပါတယ်
၉ သိန်းကနေ ၁၅ သိန်းထိဆို 0.3%

အလွယ်ဆိုရင် တသိန်းဆို ၃၀၀  ၁၅သိန်းကျော်ရင် 0.5% ဖြတ်ပါတယ်။

Kpay app ထဲဝင်ပီး cash out ကနေ password ရိုက်လိုက်တာနဲ့ ဂဏန်း ၁၀လုံး ၆လုံး -၄လုံး ကျလာပါမယ်

အဲ့ဒီ 10လုံးနဲ့ ATM မှာထုတ်ရပါမယ် စက်ထဲဝင်ပီး cardless withdrawl ကိုနှိပ်

KBZ pay ဖြင့်ငွေထုတ်ရန်ကိုနှိပ်ပီး တဆင့်ချင်းငွေထုတ်နိုင်ပါတယ်။

တခါထုတ် ၃သိန်းပါ ၉သိန်းကျော်ရင် chargesဖြတ်ပါတယ်။

KBZ pay နဲ့ Bank account နဲ့ချိတ်ပီး ငွေသားထုတ်နိုင်ပါတယ်။

အဲ့ဒါလည်း အပေါ်ကအတိုင်းပါပဲ ၉သိန်းထိ charges free ပါ။

Bank account နဲ့ချိတ်မယ်ဆိုရင် Kpay app ထဲဝင် အောက်ဆုံးက ဘဏ့်အကောင့်ကိုနှိပ်ပီး

acc no ရိုက်ထည့်ပီး ချိတ်ဆက်နိုင်ပါတယ်။
တခုရှိတာက bank acc နဲ့ဖြစ်စေ

ATM နဲ့ဖြစ်စေ KBZ pay နဲ့ချိတ်မယ်ဆိုရင် ဖုန်းနံပါတ် တူရပါမယ်၊ မတူရင်ချိတ်မရပါ။

တချို့ဖုန်းနံပါတ်တူပေမယ့်လည်း DOB မှားတဲ့အခါမျိုးဆို ချိတ်မရပါ။

Incorrect KYC လို့ပြပါလိမ့်မယ် အဲ့ဒါဆိုချိတ်မရပါ။ ဘဏ်မှာ Data change form

တင်ပီးမှချိတ်လို့ရပါမယ်။ Joint account ချိတ်မရပါ။

KBZ Pay မဖွင့်ရသေးတဲ့လူတွေ အခုမှ စဖွင့်ပီးသုံးလို့ရပါတယ်။

Level 1 , 1.5 နဲ့ 2 ဆိုပီးရှိပါတယ်၊ စစချင်းဖွင့်မယ်ဆိုရင် KBZ pay app အပြာရောင် ကို down ပါ၊

Ph no ထည့် နာမည် မှတ်ပုံတင်ထည့် password ၆လုံးထားပီးတာနဲ့ level 1 အနေနဲ့ စသုံးလို့ရပါပီ

Level 1 က အသေးသုံးပါ၊ တရက်ကို ၅သောင်းထိ သွင်း ထုတ် လို့ပဲရပါတယ်။

Limit အများဆုံးက ၂သိန်းပါ ATM card bank acc နဲ့ ချိတ်လို့မရပါ။

Level 1ကို မြှင့်ချင်ရင် ကိုယ်ကိုယ်တိုင် ဘယ်ဖက်ဘေးက profile ထဲဝင်ပီး 1.5 မြှင့်လို့ရပါတယ်။

1.5 သို့မြှင့်တင်ရန် ဆိုတာကိုနှိပ်လိုက်ရင် နာမည် မှတ်ပုံတင်ဖြညိ့ selfie ရိုက်

မှတ်ပုံတင်ကဒ် မူရင်း or ထင်ရှားတဲ့လိုင်စင်ကဒ် smart cardဆိုပိုသေချာပါတယ်။

ရှေ့နောက်ကို ပုံရိုက်ဖို့လိုပါမယ် အချက်လက်ဖြည့်တဲ့ချိန်မှာ အပေါ်ဆုံး or အောက်ဆုံးမှာ box တခုပါပါတယ်။

ဖုန်းနံပါတ်ဖြည့်ခိုင်းတဲ့ box ပါ အဲ့မှာ ကိုယိ့ဖုန်းနံပါတ်ကို ထည့်ရမှာမဟုတ်ပါဖူး

ကိုယ်နဲ့သိတဲ့ KBZ ဝန်ထမ်းတယောက်ယောက်ရဲ့ KBZ partner  staff only သုံးတဲ့ဖုန်းနံပါတ်ဖြည့်ပေးရမှာပါ။

အဲ့အခါကျမှသာ တဖက်က KBZ staff ရဲ့ ဖုန်းထဲကို approve ပေးဖို့မက်ဆေ့ကျပီး

staff ကချက်ချင်း စစ်ပီး approve ပေးနိုင်မှာပါ
Staff အသိမရှိတဲ့သူ or အဲ့ဒီ box မှာ

ကိုယ့်ဖုန်းနံပါတ်ကို မှားထည့်လိုက်မိတဲ့ သူတွေဆိုရင်တော့ KBZ pay ရုံးချုပ်ထဲကို စာရင်းဝင်သွားမှာပါ။

အဲ့ဒီအခါကျရင်တော့ ရုံးချုပ်က approve ပေးဖို့အတွက် အစဉ်လိုက်စောင့်ရမှာမို့

ကြာချိန် အနည်းငယ်ရှိပါမယိ ခန့်မှန်းခြေ ၂ရက် ၃ရက် မသေချာပါ။

ရုံးချုပ်က approve ပေးလိုက်ရင် ဖုန်းထဲကို မက်ဆေ့ကျလာပါမယ်

Level 1.5 မြှင့်ပီးပါပီ စသုံးလို့ရပါပီ အချက်လက်မှားဖြည့်တာတွေ ဥပမာ မွေးသက္ကရာဇ်မှားတာ

မြန်မာသက္ကရာဇ်ကို မှန်းထည့်ပစ်တာမျိုးတွေ  NRC မှားထည့်တာတွေ selfie ဝါးတာ

မှတ်ပုံတင် မထင်ရှားတာမျိုးတွေ ဆိုရင်တော့ approve ပေးမှာမဟုတ်ပါဖူး

အဲ့ခါကျ staff က approve ပေးလည်း ရုံးချုပ်က level ပြန်ချပေးမှာပါနော်

အခု level 2ကနေ 1ကျသွားတဲ့လူတွေက အဲ့လိုအချက်တွေကြောင့်ပါ

Level 1.5 တနေ့ကို အများဆုံး ၁၀ သိန်းထိထုတိလို့ရပါတယ်။ ATM  Bank acc ချိတ်ဆက်လို့မရပါ။

Level 2 တန်းမြှင့်ချင်ရင် လွယ်ပါတယ်။ နီးစပ်ရာဘဏ် သို့မဟုတ် agent partner board

ထောင်ထားတဲ့ ဆိုင်တဆိုင်သွားပါ မှတ်ပုံတင်ပါရင်ရပါတယ်။

Level တန်းမြှင့်ခိုင်းလို့ရပါတယ် ATM  bank acc ချိတ်ဆက်ပြီး သုံးနိုင်ပါတယ်။

Level 2က နောက်ဆုံး update ပါ Level 1.5 နဲ့ 2 နဲ့ ကွာခြားချက် တခုပဲရှိပါတယ်။

ATM bank acc ချိတ်ဆက်လို့ရတာနဲ့ မရတာပဲကွာတာပါ၊ ကျန်တဲ့ functions , limits and charges အကုန် အတူတူပါပဲ

Level 1.5 ကနေ 2 ကိုမြှင့်ချင်ရင် KBZ staff or Agent partner ဆိုင်သွားပါ

မှတ်ပုံတင်ပေးပီး level မြှင့်ချင်တယ် ပြောလိုက်ရင်ရပါပီ

KBZ staffs ဆိုတာနဲ့ မန်နေဂျာအစ security facilities crew အဆုံး level မြှင့်ပေးလို့ရပါတယ်။

အဲ့ဒါကြောင့် ATM ထုတ်ရင်းနဲ့လည်း security တွေဆီမှာ level မြှင့်ခိုင်းသွားလို့ရပါတယ်နော်

မှတ်ပုံတင်မိတ္တူ လိုင်စင်မိတ္တူ လုံးဝမရပါ ဖုန်းထဲမှာ မူရင်းပုံ ရှေ့ နောက် ရိုက်ထားတာရှိရင်တော့

စမ်းခိုင်းကြည့်ပါ၊ ကြည်လင်ပြတ်သားတယ်ဆိုရင်တော့ ရမှာပါ

နောက်ဆုံးအနေနဲ့ Card ညပ်သွားတာ စက်ထဲမှာကဒ်ကျန်ခဲ့တာ တို့ ထွက်လာတဲ့ပိုက်ဆံ မကိုက်တာမျိုး ဖြစ်ခဲပါတယ် ဆိုရင်

ပြေစာယူထားပါ ထုတ်တဲ့အချိန် ထုတ်တဲ့စက် ထုတ်တဲ့နေရာ မှတ်ထားပေးပါ။

KBZ call center 📞09 951018555
KBZPay call center 📞09 969963211

တို့ကိုဆက်ပီး မေးမြန်း အကူညီရယူနိုင်ပါတယ်။  သိသလောက် ရေးထားတာဖြစ်တဲ့အတွက်

မှားနေတာရှိရင် ပြင်သွားဖို့နဲ့ နောက်ထပ်သိချင်တာတွေရှိရင် လာမေးလို့ရပါတယ်။

Credit