Local News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး အိန္ဒိယကိုဗစ်မူကွဲ ဗိုင်းရပ်စ် ကူးစက်သူများ တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိထားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲအမျိုးအစား

ကူးစက်ထားသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စတင်စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနက

စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ် အဝင်အထွက်ကို ပိတ်ပစ်လိုက်ပြီး

သီတင်းပတ်ချီအကြာမှာ အခုလို တစ်ဖက်က ဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာအိန္ဒိယမူကွဲဗိုင်းရပ်စ် ကူးစက်ထားသူ ၆ ဦး တွေ့ရှိခဲ့တာဖြစ်တယ်လို့

ကျန်းမာရေး ဦးစီးဌာနညွှန်ကြားရေးမှူး နာစီမာ ဆူလ်တာနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကူးစက်မှုနှစ်ခုက အိန္ဒိယဗိုင်းရပ်စ်လို့ အတည်ပြုထားနိုင်ပြီး အခြား ကူးစက်မှုတွေကတော့

ယင်းမူကွဲဗိုင်းရပ်စ်နဲ့ အတော်နီးစပ်မှုရှိတယ်လို့ ဆူလ်တာနာက ဆိုခဲ့ပြီး ၎င်းတို့အားလုံးဟာ

မကြာခင်က အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာကြသူတွေဖြစ်ကာ သီးခြားခွဲထား သူတွေဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယမူကွဲဗိုင်းရပ်စ်ဟာ ကူးစက်မှုအလွန်လျင်မြန်တာကြောင့် လူတွေအနေနဲ့ အလေးဂရုပြုဖို့လိုပြီး

နှာခေါင်းစည်းတပ်ဆင်တာ၊ ခပ်ခွာခွာနေတာ၊ လက်ဆေးတာတွေအပါအဝင် ကျန်းမာရေးဆိုင်ရာ

လမ်းညွှန်ချက်တွေကို တင်းတင်းကြပ်ကြပ်လိုက်နာဖို့လိုတယ်လို့ဆိုပါတယ်။

B1617 လို့အမည်ပေးထားတဲ့ ယင်း မူကွဲဗိုင်းရပ်စ် တွေ့ရှိထားတဲ့နိုင်ငံတွေထဲမှာ ဗြိတိန်

အီရန်မှသည် ဆွစ်ဇာလန်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံထက်မနည်းမှာ

တွေ့ရှိထားပြီဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

CREDIT AKonThi